29.4 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ၊ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးချစ်ထွန်း ကင်ဆာရောဂါဖြင့် ကွယ်လွန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးချစ်ထွန်း ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း NUG၏ သတင်းထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၏ ဗဟိုကော်မတီဝင်လည်းဖြစ်၊ NUG ဖက်ဒရယ်ရေးရ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးချစ်ထွန်း(မာခူးအီချစ်ထွန်း)သည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေးဘ၀ တာဝန်များ ထမ်းဆောင်ရင်း ကွယ်လွန်တိမ်းပါးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကွယ်လွန်တာက အသည်းကင်ဆာ။ သိတဲ့အချိန်မှာ ကင်ဆာအဆင့် ၄ ရောက်နေပြီ။ ကင်ဆာ အမြစ်တွေက ပြန့်ပြီးတော့ ကိုယ်တွင်း ကလီစာတွေပါ ထိကုန်တာ။ ဆေးစစ်ပြီးလို့ သိရချိန် ဆေးကုဖို့ လုပ်ရင်းမှာပဲ ကွယ်လွန်သွားတာပါ” ဟု အခြေအနေကို သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။

ဦးချစ်ထွန်းသည် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှစတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဖက်ဒရယ်ရေးရာ ဒုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article