25.1 C
Yangon

ကွမ်းခြံကုန်းရှိ နာရေးအိမ်တစ်ခုတွင် ဖဲရိုက်လောင်းကစားလုပ်သည်ဟုဆိုကာ ရဲက လူငယ်များကို ဝင်ဖမ်းပြီး စစ်မှုထမ်းအဖြစ် စုဆောင်းသည့်အပြင် ပြည်သူများကိုလည်း ဖမ်းဆီး ငွေညှစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ နာရေးအိမ်တစ်အိမ်တွင် ဖဲရိုက်လောင်းကစားလုပ်သည်ဟုဆိုကာ ရဲများက လူငယ်များကို ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းနှင့် ပြည်သူများကိုလည်း ဖမ်းဆီး ငွေညှစ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ကုန်းကျေးရွာတွင် ဒေါ်တင်ဝင်း ဆိုသူ ဆုံးပါသွားခဲ့ကြောင်း၊ ထို့ကြောင့် ရွာဓလေ့ အလောင်းကို ၃ ရက်ထားခဲ့ရာ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်း အသုဘအိမ်တွင် အိမ်စောင့်ရင်း လူငယ်များနှင့် ပြည်သူများ ဖဲကစားကြကြောင်း၊ အဆိုပါဖဲ၀ိုင်းကို တော်ကူးနယ်မြေရဲစခန်းမှ နယ်ထိန်း သိန်းတိုးဦးနှင့်အဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး လူငယ်များကို စစ်မှုထမ်းစုဆောင်းခြင်း၊ ပြည်သူများကို ဖမ်းဆီး ငွေညှစ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

” အသုဘအိမ်စောင့်ဖို့အတွက် အုပ်ကြီးကို ဖဲ၀ိုင်းလုပ်ပါရစေဆိုတာပြောပြီးမှ ဖဲဆော့ကြတာ။ အဲဒါကို နယ်ထိန်း သိန်းတိုးဦးက ကဝင်ဖမ်းတယ်။ စစ်မှုထမ်းစု ဆောင်းမယ်။ လောင်းကစားမှုနဲ့ ဖမ်းမယ်ဆိုပြီး ငွေညှစ်တယ်။ လူငယ်တွေရော ပြည်သူတွေကိုရော စခန်းကို ဖမ်းသွားတယ်။ အဲဒါ မိဘတွေက ညတွင်းချင်း ငွေနဲ့ လိုက်ရွေးရတယ်။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တော်ကူးရဲစခန်းက လူငယ်များနှင့် ပြည်သူများကို ဖမ်းဆီးပြီးနောက် စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်များကို တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ဝန်းကျင်ဖြင့် ရွေးခိုင်းပြီး လောင်းကစားမှုဖြင့် ဖမ်းဆီးခံရမည့် ပြည်သူများကိုမူ တစ်ဦးလျှင် အနည်းဆုံး ငွေကျပ် ၁ သိန်းခွဲ တောင်းခံ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“အသုဘအိမ်ဖဲကစားက ဓလေ့ပါပဲ။ နောက်ပြီး အုပ်ကြီးကိုလည်းပြောပြီးမှ ကစားတာ ။ အဲဒါကို စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းမှာ ဝင်ဖမ်းတာ။ လူငယ်တွေက စစ်မှုထမ်း မဖြစ်လိုရင် သိန်း ၃၀ ကျော်အထိပေးရတယ်။ သာမန်ပြည်သူကတော့ လောင်းကစားမှုနဲ့ အမှုဖွင့်မခံချင်ရင် ၁ သိန်းခွဲပေးဆိုပြီး တောင်းတယ်။ မြို့နယ်ကို အထက်ကို တိုင်ရင် လောင်းကစားမှု၊ စစ်ပြေးမှုတွေနဲ့ ဖမ်းဆီးထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ခံထားရပါတယ်” ဟု အဆိုပါဒေသမှ ပြည်သူက ရှင်းပြသည်။

ကွမ်းခြံမြို့နယ်၊ တောင်ကုန်းရွာတွင် စစ်တပ်နှင့်ရဲများက တစ်ပတ်လျှင် ၂ ရက် လောင်းကစားဝိုင်း (အာဝါဒေ)များကို ငွေကြေးယူ ခွင့်​ပြုနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article