ဒီကနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်မှုထမ်းရနိုင်ခြင်းနဲ့ တပ်သားအဖြစ် အဓမ္မစုဆောင်းခံရနိုင်တဲ့ အန္တရာယ်တွေကြောင့် မြန်မာလူငယ် ၂ ဒသမ ၅ သန်းနီးပါးက ဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းစိုးရိမ်နေကြပြီး လူငယ် ၆ သန်းကျော် ကတော့ ညအချိန်မှာ လုံးဝလုံခြုံမှုမရှိဘူးလို့ ခံစားနေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က သတိပေးလိုက်ပါတယ်။
– စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လူဒါဇင်ချီ သေဆုံးခဲ့ရတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အပါအဝင် နိုင်ငံတကာသံရုံးအချို့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
– မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်အနောက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် သေဆုံးခဲ့သူ ၅ ဦးမှာ အသက် ၆ နှစ်ကနေ ၁၂ အရွယ်အတွင်းရှိတဲ့ ကလေးငယ် ၅ ဦး ဖြစ်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်
