30 C
Yangon

Breaking News- မှော်ဘီလေတပ်စခန်း လေယာဉ်သိုလှောင်ရုံတွင် ဇွန်လ ၂၈ ရက် နေ့ညပိုင်း ဖောက်ခွဲရန် ဗုံးထောင်ခဲ့သော်လည်း မပေါက်ကွဲခဲ့၊ လေတပ် အရာရှိ နှင့်စစ်သားအများအပြား ဖမ်းဆီးခံရပြီး စစ်ကြောရေးပို့ဆောင်ခံထားရ

Must read

ရန်ကုန်၊ဇွန် ၃၀

အကြမ်းဖက် စစ်ကောင်စီ၏ တိုက်လေယာဉ်များထားရှိသည့် ရန်ကုန်၊မှော်ဘီ လေတပ်စခန်း၊ လေယာဉ်သိုလှောင်ရုံကို ဖောက်ခွဲ့ရန် ဇွန်လ ၂၈ ရက်နေ့ ည ပိုင်းတွင် ဗုံးထောင်ခဲ့ သော် လည်း မပေါက်ကွဲခဲ့ကြောင်း CDM တပ်ကြပ်ကြီး လျှပ်စီးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောသည်။

ကရင်ပြည်နယ်၊ ဥကရစ်ထစခန်းကို တိုက်ခိုက်နေသည့် KNDO ၊ KNLA နှင့် PDF များကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက် နေသည့်အတွက် မှော်ဘီလေတပ် စခန်းကို ဗုံးခွဲတိုက်ခိုက်ရန် ဗုံးထောင်ခဲ့ ခြင်း ဖြစ်ကြောင်း တပ်ကြပ်ကြီးလျှပ်စီးကပြောသည်။

ဇွန် ၂၈ ရက်နေ့ ညပိုင်းကမှော်ဘီလေတပ်စခန်းထဲ ချဉ်းကပ်ဝင်ရောက်ခဲ့ပြီး လုံခြုံရေး အဆင့်ဆင့်ကို ဖြတ်သန်းကာ Yak 130 တိုက် လေယာဉ် ၆ စီးထားရာ နေရာ တွင် ဗုံးဝင်ရောက်ထောင်ခဲ့ကြောင်း၊ ဇွန်၂၉ နံနက် ၁ နာရီဝန်းကျင်တွင် ယင်း စခန်း မှ ပြန်လည်ထွက်ခွာခဲ့ပြီး ဗုံးကိုအဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ ခဲ့သော် လည်း ပေါက်ကွဲမှုမဖြစ်ဘဲ စစ်ဆင်ရေး ပျက် စီး ခဲ့ရကြောင်း တပ်ကြပ်ကြီး လျှပ်စီးက ပြောသည်။

သက်စွန့်ဆံဖျားလုပ်ဆောင်ခဲ့ရပြီး စစ်ဆင်ရေးမအောင်မြင်ခဲ့ကြောင်း၊ဗုံးထောင် ခဲ့ သည့်နေရာကို လွယ်လွယ်ကူကူဖြင့် ရောက်ခဲ့ခြင်းမဟုတ်ကြောင်း၊ စစ် ကောင် စီ က ပြည်သူများအပေါ် အနိုင်ယူပြီး ဗုံးကျဲနေပြီး ပြည်သူ့အိုးအိမ်များ ပျက်စီးဆုံးရှုံးနေခြင်းကြောင့် လေတပ်နှင့် ပတ်သက်သည့် ဖောက်ခွဲမှုပြလုပ်ရန် တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း CDM တပ်ကြပ်ကြီး လျှပ်စီးကပြောသည်။

ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် လေတပ်စခန်းအတွင်းထဲ အထိ ဝင်ရောက် ဗုံး ထောင်သွားသည့်အတွက် ဇွန်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် မှော်ဘီတွင် တာဝန်ထမ်းဆောင်ပြီး တံတားဦး သို့ ပြန်သွားသည့် လေတပ် အရာရှိနှင့် စစ် သားများ၊ မှော်ဘီလေတပ် အရာရှိနှင့်စစ်သားများကို စစ်ဘက်ရေးရာ လုံ ခြုံရေး အဖွဲ့က ဖမ်းဆီးပြီး စစ်ကြောရေး စခန်းများသို့ ခေါ် ဆောင် သွားကြောင်း၊ လေတပ်ထိပ်ပိုင်း အရာရှိတစ်ဦးကိုယ်တိုင် မှော်ဘီလေတပ် စခန်းတွင် အထိုင် ချ၍ ဗုံးထောင်ခံခဲ့ရသည့်ကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

“မနေ့ နေ့လယ်ပိုင်း မှော်ဘီ က လက်ရှိတံတားဦးရောက်နေတဲ့ သူတချို့ကို Y8 လေယာဉ်နဲ့ အရေးပေါ် ချက်ချင်းခေါ်ပြီး ရေကြည်အိုင်ပို့တယ်။ အရေး ပေါ် ခေါ် တာ။ တံတားဦးလေတပ်စခန်းက လူတွေကို လာခေါ်တာမှာ Y8 လေ ယာဉ် က စက်တောင်မရပ်ဘဲ အကုန် ဆွဲတင် သွားတာ။ နေ့လယ် ပိုင်းက Y8 နဲ့ တံတား ဦးက တဖွဲ့ တချို့ ကို ခေါ်သွားတာ။ မှော်ဘီကလည်း အဖွဲ့တွေ ပါသွား တယ်။ စစ် ကြောရေးကို ခေါ်သွားတာ။ ဖုန်းတွေလည်း သိမ်းသွားတယ်” ဟု မှော်ဘီ လေတပ်သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထား ရှိနေ ရာ ကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုဖြစ်ပွားပြီး လေတပ်အရာရှိနှင့်စစ်သည် အများအပြား ရေကြည်အိုင်တွင် စစ်ဆေးခံခဲ့ရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်တပ်တော်ဝင် အခမ်းအနား တွင် Yak 130 တိုက်လေယာဉ်နှင့် အခြားလေယာဉ်များကို အောင်သပြေ ဖြင့် ရေပက်နေသည့် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article