25 C
Yangon

ဘားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ အသက် ၆ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး အပါဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ အသက် ၆ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး အပါဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ဘားအံမြို့နယ်၊ ဝံပျံကျေးရွာအုပ်စုအတွင်းရှိ ဖားဘော်ရွာလေးရွာ အတွင်းကို ကမမောင်းရှိ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် ဖားဘော်ရွာလေးရွာအတွင်း နေထိုင်သော အသက် ၃၇ နှစ်အရွယ် စောတူ ၊ အသက် ၁၂ နှစ် အရွယ် နော်အေးမူနှင့် အသက် ၆နှစ်အရွယ် နော်ချမိတို့ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ရာဒေသများအတွင်း အတုယောင်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရေးအတွက် ငြိမ်းချမ်းနေသည့်သယောင် ပြုမှုနေသော်လည်း ကော်သူးလေ ထိန်းချုပ်မှုနယ်မြေများအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနေရာဒေသများအတွင်း နေထိုင်သော အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက် မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article