24 C
Yangon

တီးတိန်မြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းတချို့ ရရှိ၊ စစ်တပ်က အဓမ္မပြုကျင့်ခဲ့သော အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းတချို့ ရရှိကာ စစ်တပ်က အဓမ္မပြုကျင့်ခဲ့သော အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် တီးတိန်မြို့အတွင်းမှ အကြမ်းဖက်စစ်သား အင်အား ၂ဝဝ ကျော် ဖြင့် ခြေလျင်ထွက်လာပြီး ဆဲဇန်ရွာ (SEZANG) တွင် စခန်းချကာ ညအိပ်ကာ ဆက်လက်ထွက်လာ သော အကြမ်းဖက်စစ်သားများကို ချင်းညီနောင်တပ်ဖွဲ့များက ချေမှုန်းတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ လ ၃၀ ရက်နေ့ တီးတိန်-ကလေးလမ်း ဒိမ်လို (DIMLO) လမ်းခွဲအနီး ပတ်ဝန်းကျင်၌ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အထိနာသဖြင့် ဆက်မတိုးနိုင်တော့ဘဲ ထိုနေရာ တွင် စခန်းချ ညအိပ်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် တီးတိန်မြို့ ခလရ ၂၆၉ မှ စစ်သား ၈၀ ခန့် တပ်ကူ ထပ်ပို့ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်သား အများအပြား ထိခိုက် သေဆုံးကာ လက်နက်တစ် ချို့နှင့် ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကားတစ်စီးကို ချင်းညီ နောင်တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကဒေသနေပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီး အသုံးပြုကာ ထိုးစစ်ဆင်လာသဖြင့် ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ တီးတိန်-ကလေးလမ်း ဆွောမ်းပီး (SUANGPI) လမ်းခွဲဘက်မှ စစ်အင်အားတစ်ချို့ထွက်ရှိလာသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခံ ခဲ့ရသော အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့များ မှ ကယ် တင်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတစ်ချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလ တစ်လျှေက်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ အနည်းဆုံး စစ်သား ၄၀ ခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသည့်အပြင် ထွက်ပြေးလွတ်မြောက်သူ တစ်ချို့လည်းရှိကြောင်း၊ အ ကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများနှင့် ချောဆွဲထားသော ပြည်သူပိုင်မော်တော် ကားတစ်စီးကို ပြန်လည်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့ ခလရ ၂၆၉ ကို အကြမ်း ဖက် စစ်တပ်က MI17 အမျိုးအစား ရဟတ်ယာဉ်ဖြင့် အခေါက်ရေ ၂၆ ကြိမ် ဆင်းသက်ကာ တပ်အင် အား ၅၀၀ ခန့် ဆက်တိုက်ပို့ဆောင်ခဲ့ပြီးနောက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် လာခြင်း ဖြစ် ကြောင်း ချင်းညီနောင်တပ်ဖွဲ့က အသိပေးထားသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် တီးတိန်မြို့မှ ကလေးလမ်းပိုင်း သိုင်းငင်း ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စုစုပေါင်းစစ်သား အင်အား ၄၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article