22 C
Yangon

ဒီပဲယင်းနှင့် ကောလင်းမြို့နယ်တို့တွင် စစ်တပ်က Y-8 လေယာဉ်ဖြင့် ရိက္ခာထုပ်များ ကျဲချ ပို့ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့က ရိက္ခာတချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စစ်တပ်က Y-8 ဖြင့် ရိက္ခာထုပ်များ ကျဲချ ပို့ဆောင်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့က ရိက္ခာတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီပဲယင်းမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စစ်တပ်၏ Y-8 လေယာဉ် ၁ စီးက ရိက္ခာထုပ်များ လာရောက်ကျဲချ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ရိက္ခာထုပ်များ လာရောက်ကျဲချပေးခဲ့သည့် နေရာများကို ဒီပဲယင်း တိုက်နယ်၁ ပကဖ လှုပ်ရှားတပ်စိပ်မှ တော်လှန်ရေး ရဲဘော်များက ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ရိက္ခာတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့က ဒီပဲယင်းမြို့က စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာကို ရိက္ခာလာချတယ်။ Y-8 နဲ့ မိတ္ထီလာ ရှမ်းတဲက တက်လာတာပြီတော့ ၁၀ ကြိမ်လောက်ချတာ အထုတ် ၅၀ ကျော်တယ်။ ဒီနေ့မှာတော့ ဒီပဲယင်း တိုက်နယ် ၁ ပကဖ လှုပ်ရှားတပ်စိပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာ ရိက္ခာတချို့ သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု ဒီပဲယင်းအခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က Y-8 လေယာဉ်ဖြင့် ရိက္ခာထုပ်များ လာရောက်ကျဲချ ပို့ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျောက်ပုထိုးရွှေတွင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မိတ္ထီလာလေတပ်မှ တက်လာသော Y-8 လေယာဉ်ဖြင့် ရိက္ခာထုပ်များ လာရောက်ကျဲချပို့ဆောင်ခဲ့ကြောင်း သိရသည်။

“မိတ္ထီလာလေတပ်က တက်လာတဲ့ Y- 8 ထောက်ပို့ လေယာဉ်က ကောလင်းမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကျောက်ပုထိုးရွှေတွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ရိက္ခာထုပ်တွေ ကျဲချ ပို့ဆောင်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြေဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article