33 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက်ပွဲ ၂၂၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၉၄ ဦးသေဆုံး ၅၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများကြား ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၂၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၉၄ ဦးသေဆုံးကာာ ၅၅ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၅ ဌာနချုပ်က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးမှုစာရင်းအတည်ပြုချက်တွင် ဗိုလ် ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာစာရင်းတွင်ဗိုလ်ကြီး(ဒု-ခွဲမှူး) (၂)ဉီးပါဝင်သည်ဟု အတည်ပြုသိရှိရကြောင်း KNU တပ်မဟာ ၅ က ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ထောက်ပို့မော်တော်ယာဉ် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့သလို ရိက္ခာတင် မြင်း၊ လား ၁၃ ကောင် သေဆုံးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက်အသုံးပြုနေကျထောက်ပို့မြင်းလား(၁၃)ကောင်အား ပစ်သတ်ချေမှုန်းနိုင်ခဲ့ကာ (၁၀)ကောင်တိတိ ထိခိုက်ဒဏ်ရာရရှိသွားသကဲ့သို့ ထောက်ပို့ရေးမော်တော်ယာဉ်တစ်စီးအားလည်း ဖျက်ဆီးနိုင်ခဲ့သည်။

၁ လတာ တိုက်ပွဲအတွင်း KNLA တပ်မဟာ ၅ ဘက်မှ ၁ ဦးကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်စစ်တပ်၏ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရရှိကြောင်း KNU တပ်မဟာ ၅ က ဇွန်လ လချုပ်တိုက်ပွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓါတ်ပုံ – KNU တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article