24 C
Yangon

ကလေးမြို့တွင် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြရန် လူထုဟောပြောပွဲ လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ကလေးမြို့ဒေသပြည်သူတရပ်လုံးနှင့်ပူးပေါင်းကာ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြရန်လူထုဟောပြောပွဲ လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုတွင် ခေတ်အဆက်ဆက်တော်လှန်ရေးတွင် ပေးဆပ်ခဲ့သော ရဟန်းရှင်လူကျောင်းသားပြည်သူများအား အလေးပြုခြင်း၊ ဌာနစုံမှ CDMပြည်သူ့ဝန်ထမ်းများအား လက်ခုပ်တီးဂုဏ်ပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်များအား တစ်မိနစ် အောက်မေ့သတိရ ငြိမ်သက်ဂုဏ်ပြုခြင်းနှင့်အတူ ရွေးကောက်ပွဲဆန့်ကျင်ရေး ကြက်ခြေခတ် (cross sign) နှင့် ကြွေးကြော်သံများကိုင်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article