32 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းတွင် အင်အား ၁၀၀ ကျော်ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ရဲဘော်များက ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အလယ်ကုန်းရဲစခန်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ ဟုတ်ပါတယ်။ ကျနော်တို့ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ အဲရဲစခန်းမှာက စစ်ခွေး အင်အား ၁၀၀ ကျော်လောက်တပ်စွဲထားတာ ကျနော်တို့ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ခွေး ၄ ကောင်သေပြီး ၅ ကောင် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်တွင်ရှိသော သာယာဝတီခရိုင်ပကဖ Spring Bees U-A-V ဒရုန်းတပ်ဖွဲ့က ဦးဆောင်ခဲ့ပြီး ဇီးကုန်း ပကဖ၊ သာယာဝတီခရိုင်ပကဖတိုက်ခိုက်ရေးအမှတ် ၁ တပ်ခွဲ ၃ မိုးညို ပကဖ၊ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၁ နှင့်တပ်ခွဲ ၅၊ ၃၈၀၂ တပ်ရင်း တပ်ရင်း လက်အောက်ခံ BTZM တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါ သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article