29 C
Yangon

ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုလိုက်ပြီးနောက် ချင်းညီနောင်စိုးမိုးနယ်မြေအတွင်း နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ကြားကာလချင်းအတိုင်ပင်ခံကောင်စီက ကြေညာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ချင်းပြည်နယ်အတွက် ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုလိုက်ပြီးနောက် ချင်းညီနောင်စိုးမိုးနယ် မြေအတွင်း နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်ဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးမည်သွားဖြစ်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ က ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာ သည်။

ချင်းပြည်နယ်အတွင်း ချင်းညီနောင် စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူလူထုကို နိုင်ငံရေး၊ စစ်ရေး မဏ္ဍိုင် ၃ ရပ်ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၊ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအနေဖြင့် စည်းလုံးညီညွတ်မှုနှင့် တိုက်ရည်ခိုက်ရည် အားကောင်းမှုတို့ကြောင့် ချင်းပြည်ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့သည့် ချင်းညီနောင်၏ စိုးမိုးနယ် မြေများတွင် နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်အသွင်ဖြင့် ချင်းပြည်နှင့် ချင်းပြည်သူ လူထုအား ဝန် ဆောင်မှုပေးအပ်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်အသွင်ဖြင့် ဆောင် ရွက်ရာတွင် အဆင်ပြေလွယ်ကူ ချောမွေ့စေရန် ကောင်စီဝင် ၁၉ ဦး ပါဝင်သော ဗဟိုအလုပ်အမှု ဆောင် ကော်မတီကိုလည်း ညီလာခံတွင် ရွေးချယ်ဖွဲ့စည်းထားလိုက်ကြောင်း သိရှိရသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအနေဖြင့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာ ရှင်မှန်သမျှ ဖယ်ရှား၍ တရားမျှတမှုနှင့် တန်းတူညီတူရှိမှုကို အခြေခံသည့် ချင်းပြည်ကို စုစည်းတည် ဆောက်နိုင်ရန်နှင့် အမျိုးသားတန်းတူရေးကို အာမခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီက ကြီးမှူး၍ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အချုပ်အခြာအာဏာပိုင် ချင်းပြည်တည်ဆောက်ရေးနှင့် အမျိုးသား တန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည် လျက် ပထမအကြိမ် ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် အကြမ်းဖက်စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ နွေဦး တော် လှန်ရေးတွင် ပါဝင်သော De-jure Mandate ရှိသည့် ချင်းလွှတ်တော်ကိုယ်စားလှယ်များနှင့်၊ De-facto Mandate ရှိသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် ချင်းညီနောင်အဖွဲ့ဝင်များ၊ အကြမ်းဖက် စစ်ကော် မရှင်နှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီ၊ အမျိုးသမီးနှင့် လူငယ် အဖွဲ့အစည်းများအပါအဝင် အ ရပ်ဘက်အဖွဲ့အစည်းများ၊ CDMers များ၊ လူထုသပိတ်လှုပ်ရှားမှု ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတ ကာ ဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း ၉၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း ညီလာခံတွင် ချင်းအမျိုးသားပဋိညာဉ်ကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပြီး အတည်ပြုသည့် ချင်း အမျိုးသားပဋိညာဉ်အရ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို အစုအဖွဲ့ ၃ ဖွဲ့ဖြင့် ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစုအဖွဲ့များမှာ ချင်းပြည်နယ်မှ ရွေးကောက်တင်မြောက်ခြင်းခံရပြီး အကြမ်းဖက်စစ်ကော် မရှင်နှင့် ပူးပေါင်းခြင်း မရှိဘဲ နွေဦးတော်လှန်ရေးတွင်ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များ အစု အဖွဲ့၊ ချင်းညီနောင်၏ စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်များအစုအဖွဲ့နှင့် အကြမ်းဖက်စစ်ကော်မရှင် နှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ CDMers များ၊ အမျိုးသမီးနှင့် လူငယ် အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များနှင့် နိုင်ငံရပ်ခြားမှ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သည့် အစု အ ဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article