22.3 C
Yangon

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို စစ်ဆေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာလိုက်ပြီး မဲဆောက်မြို့တွင် မြန်မာ ၂၀ ကျော် အဖမ်းခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များ လုယူခံရခြင်းမှ ကာကွယ်ရန် နိုင်ငံအနှံ့ ရွှေ့ ပြောင်း အလုပ်သမားများနှင့် တရားမဝင် အလုပ်သမားများကို စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆွန်ချိုင်း မိုရာကို့ဆရီဝမ်က ပြောဆိုသည်။

ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ခရိုင်တွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအချို့က ထိုင်းပါဆယ်ပို့သမားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသော အလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေသည်ဆိုသော အချက်အလက်များလည်း ထွက်ပေါ်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ်အလုပ်ခန့်အပ်ရေးရုံးများနှင့် ဘန်ကောက်မြို့တော် အလုပ် ခန့်အပ်ရေးရုံးများအားလုံးကို ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ကိုင်မှုအခြေအနေများကို စစ်ဆေးရန် ညွှန်ကြားထားပြီး အထူးသဖြင့် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်ကို လုယူလုပ်ကိုင်နေသည်ဟု သံသယရှိသော နိုင်ငံခြားသားလုပ်သားများ၊ တရားမဝင်အလုပ်လုပ်ကိုင်နေသူများနှင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိသူများကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် ခွင့်ပြုထားသည့် အလုပ်အကိုင်ပြင်ပတွင် ဝင်ရောက်လုပ်ကိုင်ပါက နိုင်ငံခြားသားလုပ်သားများကို ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ဘတ် ၅၀,၀၀၀ အထိ ချမှတ်ကာ မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောငး၊ ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှစ၍ ၂ နှစ်အတွင်း အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားခွင့်ကိုလည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်မရှိသည့် နိုင်ငံခြားသားများကို ငှားရမ်းသော အလုပ်ရှင်များအနေဖြင့်လည်း နိုင်ငံခြားသားတစ်ဦးလျှင် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ဘတ် ၁၀၀,၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး ပြစ်မှုထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ဘတ် ၂၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သလို နိုင်ငံခြားသားလုပ် သားများကို ၃ နှစ်ကြာ ငှားရမ်းခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို တွေ့ရှိပါက အလုပ်သမားဝန်ကြီးဌာန၏ အရေးပေါ်ဖုန်းလိုင်းများနှင့် အလုပ်သမားခန့်အပ်ရေးဦးစီးဌာနသို့ တိုင်ကြားရန် ထိုင်းအာဏာပိုင်များက ကြေညာထားသည်။

လတ်တလော မြန်မာအများစု နေထိုင်သော ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ စမုပကန် ၊ ချွန်ဘူရီနှင့် မဟာချိုင်တို့တွင် ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ လုပ်ဆောင်လာသည့်အပြင် ထိုင်းနှင့်မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း အစစ်အဆေးများ ကြမ်းနေကြောင်း၊ ယမန်နေ့နှင့် ယနေ့တွင် ထိုင်းအာဏာပိုင်များက မဲဆောက်စျေးအတွင်းသို့ ဝင်ရောက် စစ်ဆေးခဲ့ပြီး စျေးရောင်းချနေသည့် မြန်မာတချို့ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မဲဆောက်မှာတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး မဲဆောက်စျေး၊ ဆိုင်နဲ့ အိမ်တွေထဲအထိပါ တောမောင်းတွေရော လ၀ကတွေရော ဝင်စစ်နေတယ်။ ဖမ်းတာလည်း အဖမ်း အဆီး အတော်ကို ကြမ်းတယ်။ ဖမ်းခံရတာ ကိုယ့်အသိတွေထဲကချည်းပဲ ၅ ဦးလောက်ရှိတယ်။ ပန်းရောင်ကတ်ရှိလည်း အလုပ်ိပုင်ရှင် မတူတာ၊ အလုပ်နေရာ မတူရင်လည်း ဖမ်းတယ်” ဟု မဲဆောက်မြို့တွင်ရောက်ရှိနေသော မြန်မာအလုပ်သမားတစ်ဦးကဆိုသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၆ ရက်နေ့ တို့တွင် မြန်မာနိုင်ငံသား ၂၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article