22.3 C
Yangon

ပေါက်မြို့နယ်၊ တောင်ကံပိုင်ရွာ ဆေးပေးခန်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဆေးခန်း အဆောက်အဦးများနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ကံပိုင်ရွာ ဆေးပေးခန်းကို အကြမ်းဖက် စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးခန်း အဆောက်အဦးများနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်မြို့နယ် အနောက်ခြမ်း တောင်ကံပိုင်ရွာ ဆေးပေးခန်းကို အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ကျေးရွာဆေးပေးခန်း အဆောက်အဦး အပါအဝင် နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လာမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“တောင်ကံပိုင်းကျေးရွာ ဆေးပေးခန်းကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာလို့ သိရတယ်။ ကျနော်တို့ သိရတာတော့ ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး။ ဂျက်ဖိုက်တာက ၂ ကြိမ် ဗုံးကျဲ သွားတာလို့ သိရတယ်။ နေအိမ် ၅ လုံးနဲ့ ကျေးရွာ ဆေးပေးခန်း ၁ ခု ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ပေါက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေ၍ ပြည်သူများ လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးထုတ်ပြန်ထားကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ဇင်ရွေးဂုံရွာ ၊ တဲတောယာတောင်ရွာ ၊ တဲတော်ယာ မြောက်ရွာ ၊ ပြစ်ထဲရွာ ၊ ကိုင်းလယ်ရွာ ၊ ချောင်းနားရွာ ၊ စမ်းရေခုံရွာ ၊ ဖားအရွာ ၊ ကမ္ဘားနီရွာ ၊ ချက်ကန်ရွာနှင့် ထန်းတောလယ်ရွာများအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article