28.2 C
Yangon

စလင်းနှင့်ဆိပ်ဖြူ တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းတိုက်ခိုက်မှု ပြည်သူများ ဒဏ်ရာရပြီး နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မကွေးတိုင်း၊ စလင်းနှင့်ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနှင့် လေယာဉ်များဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီးသွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂နာရီအချိန် စလင်းမြို့နယ် အနီး ဝမ်းပြည့်ကျေးရွာကို အကြမ်းဖက် စစ်တကပ် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးများ ကျဲချတိုက်ခိုက်ရာ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“ဝမ်းပြည့်ကျေးရွာကို စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါ။ ထိခိုက်ဒဏ်ရာရတာက အမျိုးသား ၂ဦး အမျိုးသမီး ၂ ဦးပါ မိသားစုဝင် ၄ ဦးပါ။ ၂ ဦးက စိုးရိမ်ရတဲ့အခြေနေရှိတယ်။ နေအိမ်လည်း ပျက်စီးသွားတယ် “ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ဆင်နီတောင်ကျေးရွာကို အကြမ်း ဖက် စစ်တပ် တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ အမျိုး သမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၅နာရီ ၂၁ မိနစ်ခန့် အချိန် ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ၂၂ မှ တက်လာသော စက်တပ်လေထီး ၁စီးဖြင့် ဆိပ်ဖြူမြို့နယ် ဆင်နီတောင်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ဆင်နီတောင်ကျေးရွာမှ အမျိုးသမီး ၁ ဦး လက်ပြတ်သွားကြောင်းသိရှိရသည်။

“ပါရာမော်တာက အကြောင်းမဲ့ လိုက်ကျဲနေတာ။ စစ်ကြောင်းထိုးတာလည်းမဟုတ်ဘူး။ ကပစ ၂၂ ကနေတက်လာပြီး ဗုံးကျဲသွားတာ။ စက်တပ်လေထီး ဆင်းတာက ဆိပ်ဖြူမှာ ဆင်းတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စလင်းမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် လေ ကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article