24 C
Yangon

ဆိပ်ဖြူမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ် လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းစာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စာသင်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ စစ်လေယာဉ်ဖြင့် ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းစာသင်ကျောင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ စာသင်ကျောင်းအဆောက်အအုံသာ ပျက်စီးသွားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ် ပျက်စီးတာမျိုးမရှိဘူး။ အရှေ့ကံတွင်း စာသင် ကျောင်းကတော့ ထိ ခိုက် ပျက်စီးသွားတယ်”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ တိုက် လေ ယာဉ်က ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ကျေးရွာ၊ မူလတန်းကျောင်းအနီးသို့ ဗုံးကျဲချရာ ဗုံးပေါက်ကွဲပြီး အမျိုးသမီး ၂ ဦး သေဆုံးသွားခြင်းဖြစ် ကြောင်း၊ သေဆုံးသွားသော အမျိုး သမီး ၁ ဦးမှာ ကလေး၏ မိခင်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရခိုင်ပြည်ပုဏ္ဏားကျွန်းမြို့နယ်၊ အများပြည်သူ အင်တာနက် အသုံးပြုသည့်နေရာကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များက သတင်းဖော်ပြသည်။

စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ် အောင်မင်္ဂလာကျေးရွာအနီးရှိ အများပြည်သူ အင်တာနက်အသုံးပြုသည့်နေရာ ဗုံးကျဲချခဲ့ပြီး ပေါင် ၅၀၀ ဗုံး ၁ လုံး၊ ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲသည့်အချိန်မှာ ပြည်သူများ အင်တာနက်သုံးစွဲသည့်အချိန်မဟုတ် ထိခိုက် သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

ယခု ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီကျော်ခန့်ကလည်း ပုဏ္ဏားကျွန်း- ကျောက်တော်အစပ်ရှိ ချောင်းတူကျေးရွာအနောက်က စစ်သုံ့ပန်းစခန်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းများနှင့် မိသားစုဝင် စုစုပေါင်း လူ ၂၁ ဦးသေဆုံးခဲ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article