29 C
Yangon

လောင်းလုံးတွင် စစ်တပ်သတင်းပေးဟု အမည်ထွက်သူကို PDF က ပစ်ခတ်စဉ် ကလေးငယ် ၁ ဦး ကျည်ထိ၊ စစ်တပ်က ကျည်ထိကလေးငယ်ကို ဆေးရုံတင်ခွင့်မပေးသဖြင့် သေဆုံး၊ ပစ်ခတ်မှုကို စုံစမ်းထုတ်ပြန်မည်ဟု လောင်းလုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု အမည်ထွက်သူ တစ်ဦးကို PDF က သွားရောက် ရှင်း လင်းပစ်ခတ်စဉ် ကလေးငယ် ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိကာ အဆိုပါ ကျည်ထိသော ကလေးငယ်ကို စစ်တပ်က ဆေးရုံတင်ခွင့်မပေးသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်အချိန် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာနေ စစ်တပ်သတင်းပေး ဟု သတ်မှတ် အမည်ထွက်နေသူ ဦးကျော်ဟိန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ရာ ဦးကျော်ဟိန်းက ထွက်ပြေးသွားကြောင်း၊ ပစ်ခတ်လိုက်သောကျည်သည် ဦးကျော်ဟိန်းတွင်ရှိနေသည့် တူမဖြစ်သူ အသက် ၇ နှစ်အရွယ် မငုဝါနိုးကို ထိမှန်ကြောင်း ၊ ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူသန်းလည်း ခြေထောက်တွင် ကျည်ထိမှန် ကြောင်း သိရှိရသည်။

ကျည်ထိမှန်ထားသော ဒဏ်ရာရရှိသူ မငုဝါနိုးကို ဆေးရုံတင်ပို့ရန် ကြိုးစားသော်လည်း စစ်ကောင်စီတပ်က အရေးပေါ်လူနာတင်ယာဥ်ဖြင့် ဆေးရုံကိုပို့ဆောင်ဖို့ခွင့် မပြုခဲ့သဖြင့် နေအိမ်တွင်ပင် ကလေးငယ် သေဆုံးသွားကြောင်း၊ မငုဝါစိုး၏ မိဘများသည် စစ်တပ်နှင့်ပျူစောထီးများ၏ ခြိမ်းခြောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်ပြီး တူမဖြစ်သူကို အဒေါ်ဖြစ်သူ ဒေါ်ဖြူသန်းထံတွင် လာရောက်အပ်နှံထားခြင်းဖြစ်ကြောင်း သိရှိရသည်။

” အဲဒါဟာမဆင်မခြင်လုပ်မှုပါပဲ။ အဲဒီလိုဖြစ်စဥ်တွေ အရင်ကလည်းရှိခဲ့တယ်။ တစ်ခုနှစ်ခုမကတော့ဘူး” ဟု ထားဝယ်ခရိုင်သပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မငုဝါနိုး အသက် ၇နှစ် သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအ တွက် လောင်းလုံးမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း၊ မငုဝါနိုး အသက် ၇ နှစ် သေဆုံးဖြစ်စဥ်နှင့် ပက်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန် သွားမည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် သေဆုံးသွားသည့် မငုဝါနိုး (အသက် ၇ နှစ်) ၏ မိသား စုနှင့် ထပ်တူဝမ်းနည်းရကြောင်း၊ သက်ဆိုင် ရာ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူများအား ဖော်ပြပါ ဖြစ်စဥ်များ သိရှိနိုင်ရေး နှင့် သေဆုံးဖြစ်စဥ်အတွက် တာဝန်ယူမှု/တာဝန်ခံမှု အပြည့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။

ဓာတ်ပုံ- ကွယ်လွန်သူ မငုဝါနိုး။

(တနင်္သာရီတိုင်းမ်နှင့်ရန်ကုန်ခေတ်သစ် ပူးတွဲရေးသားသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article