36 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပြည်တွင်းမှာ စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးမှုတွေအတွင်း မသမာမှု အပြင်ဒေါ်လာဝယ်ရောင်း ကိစ္စတွေနဲ့ပါ စက်သုံးဆီအသင်း ဥက္ကဋ္ဌ ခင်စိုး နဲ့ အတွင်း ရေးမှူး ဒေါက်တာဝင်းမြင့်တို့ကို စစ်တပ်ကပဲ ပြန်လည် ဖမ်းဆီးလိုက်ပြီး ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို KNU ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က တပ်သား ၉ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် စစ်သားမသာအလောင်းတွေနဲ့ သေနတ် ၇ လက်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ KIA ပူပေါင်းတပ်တွေအကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ထောင်ထားတဲ့ မိုင်းနဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူ အမျိုးသား ၁ ဦးသေဆုံးထားတဲ့အပြင် နောက်ထပ် ပြည်သူ အမျိုးသမီး ၂ ဦး ဒဏ်ရာရထားတယ်လို့ ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အီရန်က အမေရိကန်နဲ့ နူကလီးယားကိစ္စ ဆွေးနွေးမှာဖြစ်ပေမယ့် ဒုံးကျည်အစီအစဉ်ကိုတော့ ဆွေးနွေး ဖို့ ငြင်းဆိုလိုက်ပါတယ်။ အီရန်အစိုးရအနေနဲ့ အမေရိကန်နဲ့ နျူကလီးယားကိစ္စတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိပေမဲ့ သူတို့ရဲ့ ဘလစ်စတစ်ဒုံးကျည် အစီအစဉ်ကိုတော့ လုံးဝဆွေးနွေးမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြတ်ပြတ်သားသား ပြောလိုက်ပြီး ၊ ဒါဟာ အမေရိကန်နဲ့ နောက်ထပ်ပြုလုပ်မယ့် ဆွေးနွေးပွဲတွေအတွက် အဓိက အဟန့်အတား ဖြစ်လာနိုင်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article