30 C
Yangon

ဖာပွန်နှင့် သရက်ချောင်း မြို့နယ်ရှိ ကျေးရွာများ စစ်တပ် လေယောဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၁၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒွယ်လိုမြို့နယ်၊ နို့ဝီထရွာကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့်ထဲတွင် ကလေးငယ် ၁ ဦးလည်း ပါဝင်ကြောင်း၊ ထို့ပြင် နေအိမ် ၃ လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“နို့ဝီထရွာကို စစ်ခွေးတွေက ပေါင် ၅၀၀ ဗုံး ရွာထဲကို ကျဲချတာ နေအိမ် ၃ လုံးလည်း မီးလောင်ပြာကျတယ်။ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၈ ရက်နေ့ကလည်း ဒွယ်လိုးမြို့နယ်၊ မယ်ကောလောကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူ နေရာတင် ပွဲချင်းပြီး သေဆုံးကာ ခင်ပွန်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် နှင့် အသက် ၂ နှစ်အရွယ် သမီးငယ်ဖြစ်သူတို့လည်း ဗုံးစထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားကျေးရွာ ဘုန်းကြီး‌ကျောင်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။

မတ်လ ၁ ရက်နေ့ မှ ၈ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်အတွင်း လေယာဉ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲချတိုက်ခိုက်မှုအတွင်း ပြင်းဖြူသားကျေးရွာ ဘုန်းကြီး‌ကျောင်း အဆောက်အအုံ ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article