35 C
Yangon

ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ရေး AAနှင့် ပူးပေါင်းတပ်များက အပြင်းအထန်တိုက်ခိုက်နေ၊ စစ်တပ်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံ

Must read

ရန်ကုန်၊ မတ် ၁၁

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အပြီးသတ်သိမ်း ပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော်နှင့် ပူးပေါင်းအဖွဲ့က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိပြီး စစ်တပ်ဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအလွန်အကျွံအသုံးပြုကာ ခံစစ် ဆင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်နှင့် ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၀ ရက်နေ့မှစ၍ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ ကမ္ဘာလုံးဗျူဟာကုန်း (ခေါ်) နတ်ရေကန်ဗျူဟာကုန်း၏ ပင်မစခန်းကို အာရက္ခတပ်တော်နှင့်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်တပ်ဘက လေကြောင်း၊ ဂျက်ဖိုက် တာ၊ Y12 ၊ ကာမီကာဇေဒရုန်းများ အသုံးပြုကာခုခံနေကြောင်း၊ ထို့အပြင် အမှတ် ၉၀၅ အမြောက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်က လည်း အတွဲလိုက်ဒုံးများဖြင့် ပစ်ကူပေးကာ တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

မတ်လ ၉ ရက်နေ့ကလည်း နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူပေးရန်တက်လာသည့် အမှတ် ၉၀၅ အမြောက်တပ်မှ အင်အား ၆၀၀ ခန့်ပါ စစ်ယာဉ်တန်း ၂၈ စီးသည် ပဇီလမ်းဟောင်းနှင့် ဂုတ်ကြီး လမ်းသစ်ဘက်မှ တက်လာခဲ့သဖြင့် AAနဲ့ ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်ခဲ့ရာ ထိခိုက် သေ ဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

“မတ်လ ၉ ရက်နေ့က တပ်အမှတ်ကတော့ စိစစ်ဆဲ စစ်ယာဉ်တန်း ၂၈ စီးတက်လာတယ်၊ အဲဒီတပ် မလာခင်ရက် ရှေ့ပိုင်းမှာက ဒီကြက်ခြံကုန်းစခန်းကို စစ်တပ်က လက်လွှတ်လိုက်ရတယ်၊ ပြီးတော့ နတ် ရေကန်ဗျူဟာကုန်းစခန်းကိုလည်း အာရက္ခတပ်တော်က တိုက်နေတာရှိတယ်၊ အဲဒါကြောင့်စစ်ယာဉ် တန်း ၂၈ စီးဆိုတော့ အင်အား အင်အား ၆၀၀ ဝန်းကျင်လောက်တော့မှန်းဆရတယ်၊သူတို့တွေရောက် လာတယ်၊ ရောက်လာတဲ့အချိန်မှာ အာရက္ခတပ်တော် ကမ္ဘာလုံးစခန်းကို တိုက်နေတဲ့အနေအထား မျိုးပဲ၊ ဘာလို့လဲဆိုတော့ ဒီနေ့မနက်မှာတင်ကို ဆုံကုန်းအမြောက်တပ်ပေါ့၊ ဒေသခံတွေက တော့ အမြောက်တပ်မ၊ အမြောက်တပ်မလို့ ခေါ်တယ်၊ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွက်ကဲမှု ဌာန ချုပ်ကနေ အတွဲလိုက်ဒုံးတွေနဲ့ မနက် ၅ နာရီ မိနစ် ၄၀ လောက်ကတည်းက ပစ်နေတာ၊ အဲဒါဆို တော့ နတ်ရေကန်ဗျူဟာကုန်းစခန်းကို တော့အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက တိုက်နေသ လို စစ်တပ်ဘက်ကလည်း အင်အား ၆၀၀ ဝန်းကျင်လောက်နဲ့ဖြည့်ပြီးတော့ ခံစစ်ဆင်နေတဲ့ အနေအ ထားပဲ။ အခုက ပြောရမယ်ဆိုရင်စခန်းအကြီးဆုံးက ဗျူဟာကုန်းစခန်း(ကမ္ဘာလုံး) ဗျူဟာကုန်းစခန်း ပဲ ကျန်တော့တာဆိုတာ့ စစ်တပ်ဘက်ကလည်း ကျလို့မရတဲ့အနေအထားဆိုတော့ အင်အား အလုံး အရင်းနဲ့ ရော ပစ်ကူရောပေးပြီးတော့ တိုက်ခိုက်နေတဲ့ အနေအထားပါ၊ ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က အသေခံဒရုန်းဖြင့် ၁၃ ကြိမ်၊ အတွဲလိုက် ဒုံးလက် နက်ကြီးဖြင့် ၁၅ ကြိမ်၊ Y12 လေယာဉ်ဖြင့် ဗုံး ၁၁ လုံး၊ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး၊ လက်နက် ကြီးဖြင့် အရေအတွက်မြောက်များစွာ တိုက်ခိုက်လျက်ရှိပြီး ပြည်သူ့နေအိမ်များလည်း ထိခိုက်ပျက်စီး မှုရှိကြောင်း၊ စစ်ပွဲဖြစ်ပွားရာ ဇုန်အတွင်းရှိ ပြည်သူများကို စစ်ဘေးရှောင်ခိုင်းထားသောကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဒီမနက်ပိုင်းတင်ကို မရေမတွက်နိုင်တော့ဘူး။ Suicide Drone နဲ့ကိုပဲ အခုမနက် ရေတွက်ထားမိ တာ ၁၃ စီးရှိပြီ။ လေယာဉ်ကတော့ အဆက်မပြတ်ပဲ၊ လက်နက်ကြီးကတော့ အခုမနက်ပိုင်း ဒီအချိန် အထိ ၁၅ လုံးအထက်ရှိပြီ။ မနက် ၉ နာရီ ၁၅ မိနစ်မှာ ကြက်ခြံနဲ့ နတ်ရေကန်ကြား ၅ လုံး၊ ၉ နာရီ ၁၈ မိနစ်မှာ ၆ လုံး Y12 နဲ့ ကျဲသွားပါတယ်။ ပြီးတော့ ကြက်ခြံတဝိုက်မှာ ဂျက်ဖိုက်တာနဲ့ ၂ လုံးကျဲချ သေးတယ်။ မနက် ၆ နာရီ ၅၃ မိနစ်ကလည်း နတ်ရေကန်အနီး လိုင်ရွာထဲကို လက်နက်ကြီး ၂ လုံး ကျလို့ ရွာထဲက အိမ်တွေ မီးလောင်တာရှိတယ်။ ပျက်စီးတာရှိတယ်။အရင်ရက်တွေကတော့ ရွာထဲမှာ လူတွေနေသေးတယ်။ ဒီနေ့က မရှိတော့ဘူး။အကုန်လုံးရှောင်ခိုင်းထားတာ” ဟု ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့က နတ်ရေကန် ဗျူဟာကုန်းအနီးရှိ နောင်ကျေးရွာကို စစ်တပ်က ဂျက် ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးကြည်ဖိုး နောက်ကျောကုန်းတွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article