29 C
Yangon

မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော စစ်စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော စစ်စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို KIA ပူးပေါင်း တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို စစ်စခန်းသည် အကျဲရွာရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိပြီး မြစ်ကြီးနားနန့်ပေါင် လေဆိပ်အနီးတွင်ရှိကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ်စခန်းသည် ခရီးသွားပြည်သူများကို ဖမ်းဆီး ငွေညှစ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူငယ်များကိုပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခြင်းကြောင့် အမည်ဆိုးဖြင့် ကျော်ကြားကြောင်း သိရသည်။

“အကျွဲရွာကုန်းမှာ တပ်စွဲထားသော စစ်ခွေး စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။ အကျဲရွာက မြစ်ကြီးနား နန့်ပေါင်လေဆိပ် အကျော် ပြည်ထောင်စုလမ်းမပေါ်မှာရှိတာ ရွာရဲ့ အမြင့်ဆုံးကုန်း ပြည်ထောင်စုလမ်းမကြီးဘေးမှာ မေးတင် တပ်ဆွဲထားတာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့် အပါအဝင် နေရာအနှံ့အပြားတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များအကြားတိုက်ပွဲများနှင့် ထိတွေ့စစ်ပွဲများ တောက်လျှောက်ဆိုသလို ဖြစ်ပွား လျက်ရှိပြီး စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article