28 C
Yangon

မြဝတီတွင် DKBA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်မှ သင်္ဃန်းညီနောင်စရဖတပ်စွယ်မှူး ဗိုလ်ထိန် သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် DKBA တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားပြီး သင်္ဃန်းညီနောင် စရဖတပ်စွယ်မှူး ဗိုလ်ထိန် (ခ) ထိန်လင်း သေဆုံးသွားကြောင်း မြို့ခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၁၁ ရက် ည ၁၀ နာရီ ၄၀ မိနစ်အချိန် မြဝတီမြို့၊ ရွှေမြစန္ဒီမြို့သစ်လမ်းတွင် စစ်တပ်၏ စရဖအဖွဲ့နှင့် DKBA တပ်ဖွဲ့ဝင်များအကြား စက်သုံးဆီရောင်းချသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွင်း စရဖတပ်စွယ်မှူး ဗိုလ်ထိန်(ခ) ထိန်လင်းမှာ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မြို့ခံတစ်ဦးက “မြဝတီမှာ အတူတူလုပ်စားနေကြရင်းနဲ့ နောက်ပိုင်း စစ်ကောင်စီဘက်ကလူတွေက ကရင်လက်နက်ကိုင်အဖွဲ့တွေကို အလေးမထားသလို ဆက်ဆံလာတာတွေရှိတယ်။ ဆီရောင်းတဲ့ကိစ္စ မကျေနပ်ကြတာကနေ အခုလို ပစ်ခတ်မှုအထိ ဖြစ်သွားတာ” ဟု ပြောဆိုသည်။

သေဆုံးသူ ဗိုလ်ထိန် (ခ) ထိန်လင်းသည် မြဝတီမြို့ခံများအပေါ် ဖိနှိပ်မှုများစွာ ပြုလုပ်ခဲ့သူဖြစ်ကြောင်း ၊ ဗိုလ်ထိန်က တော်လှန် ရေးအင်အားစုများနှင့် ပတ်သက်သူများကို ဖမ်းဆီးခိုင်းခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခိုင်းခြင်း၊ လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ပို့ဆောင်ခြင်းနှင့် အခြားသော တရားမဝင်လုပ် ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

DKBA နှင့် စစ်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြဝတီမြို့အတွင်း၌ စစ်ကောင်စီဘက်က လုံခြုံ ရေး တင်းကျပ်ထားပြီး ရွာသစ်၊ ရွှေမြစန္ဒီ၊ မဲကနယ်နှင့် ဖားချောင်း စသည့်နေရာများတွင် စစ်တပ် အင် အား အလုံးအရင်းဖြင့် သွားလာလှုပ်ရှားနေကြောင်း သိရသည်။

အလားတူ မတ်လ ၁၀ ရက်နေ့ ညပိုင်းကလည်း မြဝတီမြို့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် စစ်တပ်လက် အောက်ခံ ပြည် သူ့စစ်အဖွဲ့များနှင့် DKBA တပ်ဖွဲ့ဝင်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး DKBA တပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်တွင် ပစ်ခတ်မှုဖြစ်စဉ်များနှင့်အတူ DKBA အမှတ် ၉၁၅ တပ်ရင်းမှ ဗိုလ်မှူး စောထို့လွီနှင့် ဗိုလ်ကြီး စောကရင်လေးတို့ကို NCA လမ်းကြောင်းမှ သွေဖည်ခြင်းနှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းမှုရှိခြင်းတို့ကြောင့်ဟုဆိုကာ တာဝန်မှ အပြီး တိုင် ထုတ်ပယ်လိုက်ကြောင်း DKBA က ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article