26 C
Yangon

ရေစကြိုတွင် PDF စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံးကာ ၃ ဦး ဖမ်းဆီးခံရ၊ စစ်တပ်က မြိုင်မြို့နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုးနေ

Must read

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံးကာ ၃ ဦး ဖမ်းဆီးခံရပြီး အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုးနေကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် ရေစကြိုမြို့ပေါ်တွင် ထွက်လာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တ် စစ်ကြောင်းသည် မတ်လ ၁၄ ရက်နေ့၌ ရေစကြိုမြို့နယ်အတွင်းရှိ PDF စခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း PDF ရဲဘော် ၃ ဦးကျဆုံးကာ ၃ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့ပေါ်သို့ ဝင်ရောက်သွားကြောင်း၊ ယနေ့ မတ်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့ပေါ်မှ တဆင့် တောင်ဘက်သို့ ဆက်လက် ထွက်ခွာလာပြီး ထန်းဘူးတောကျေးရွာနှင့် ဝက်ကျုံးကျေးရွာများအနီး ရောက်ရှိနေကြောင်း သိရှိရသည်။

“ရေစကြိုကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက မြိုင်မြို့နယ်ထဲကို ဝင်ရောက်လာတာပေါ့။ ရေစကြိုဘက်မှာလည်း စစ်ခွေးတွေက PDF စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ PDF ရဲဘော် ၃ ဦးကျဆုံးပြီး ၃ ဦး ဖမ်းဆီးခံရတယ်လို့ သိရတယ်။ အဲစစ်ခွေးစစ်ကြောင်းက မြိုင်နယ်ထဲကို အခုစစ်ကြောင်းထပ်ထိုးလာတာ လက်ရှိတော့ စစ်ခွေးတွေက ထန်းဘူးတောကျေးရွာနဲ့ ဝက်ကျုံးကျေးရွာများအနီးမှာရောက်နေတယ်။ စစ်ကြောင်းဘယ်ကို ထပ်ရွေ့မလဲဆိုတာတော့ ဆက်လက် စောင့်ကြည့်နေပါတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အနောက်တောင်ဘက်ရှိ အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံ (တကစ ၃) သို့ ဆက်လက် ထွက်ခွာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ် စစ်ကြောင်းကို အထူးဂရုပြုကြပါရန် အညာမြေတပ်ပေါင်းစုက အသိပေးပြောဆိုထားသည်။

ဓာတ်ပုံ – မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article