29 C
Yangon

ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၃ ဦး KNLA တပ်ရင်း ၉ ထံ အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၃ ဦး KNLA တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၃၅၀ တပ်ရင်း သံဆိပ်စခန်းတွင် တာဝန်ကျနေသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုစစ်မှုထမ်း တပ်သားသစ် ၃ ဦးမှာ အသက် ၃၄ နှစ်အရွယ် မောင်မင်းထက်၊ အသက် ၂၈ နှစ်အရွယ် မောင်ဖိုးသဲနှင့် အသက် ၁၈ နှစ်အရွယ် မောင်ဖိုးသား တို့ဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးသည် ဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူများဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်း၀င်ကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်း ပြောဆိုထားသည်။

အလားတူ မတ်လ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ ခလရ ၆၀ တပ်ရင်းမှ အသက် ၂၇ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် စောအယ်မေစေးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံသို့ လက်နက်ချအလင်း‌၀င်ရောက်ခဲ့ကြောင်း၊ စောအယ်မေစေးသည်လည်း ၎င်းဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article