28 C
Yangon

ရေစကြိုမြို့နယ်၊ နတ်ညွန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နတ်ညွန်းတစ်ရွာလုံးနီးပါးပြာကျ

Must read

ရန်ကုန်၊ မတ် ၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နတ်ညွန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နတ်ညွန်းတစ်ရွာလုံး နီးပါး ပြာကျခဲ့ကြောင်း One More စစ်ကြောင်း တာဝန်ခံက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ရေစကြိုမြို့နယ်၊ နတ်ညွန်းကျေးရွာအတွင်း ဝင်ရောက်မီးရှို့ နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာဘက်သို့ ဆုတ်ခွားသွားကြောင်း သိရသည်။

“အဲဒီစစ်ကြောင်းက မြင်းခြံကနေလာတာ၊ ပတ္တာဘက်မှာလည်း ၂ ကြိမ်ဆက်တိုက်ဖြစ်ခဲ့ဖူးတယ်။ အခု နတ်ညွန်းမှာလည်း ၂ ကြိမ်ဖြစ်တယ်။ ပထမ တစ်ကြိမ်က ၁၀ နာရီလောက်မှာတစ်ကြိမ်ဖြစ် ပြီး တော့ ခဏနားနားပြီးတော့ နေ့လည်ပိုင်း လောက်မှာ တစ်ကြိမ်ထပ်ဖြစ်တယ်။ အခုက နတ်ညွန်းမှာ မရှိ တော့ဘူး။ မီးရှို့နေတုန်းမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ ပြန်ဆုတ်သွား တယ်၊ အခုက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းမှာ အင်အားစုနေတယ်လို့တော့ သတင်းရထားတယ်” ဟု One More စစ်ကြောင်း တာဝန်ခံက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Onemore စစ်ကြောင်းနှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်ကြသော အမေ့ လက်ရုံးပြောက်ကျတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၁ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၂ ၊ မိုရှည်ဒါး ယမ်းပြောက်ကျားတပ်ဖွဲ့၊ ထနောင်းမြေစစ်ကြောင်း နှင့် ဇေယျာမြေပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်တပ်စစ်ကြောင်းသည် မြင်းခြံမြို့နယ်၊ တန်‌ဆောင်းကျေးရွာ၊ ပတ္တာကျေးရွာ၊ အောင်ပြည်စိုး ကျေးရွာ၊ ဒါးကျွန်းကျေးရွာစသည့် ပြည်သူ့နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြား ဆုံးရှုံးခဲ့ပြီး ကျေးရွာနေပြည်သူများအပြားလည်း စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

“မီးရှို့ခံရတဲ့နေအိမ်တွေကများတယ်။ နတ်ညွန်းဆိုရင်တစ်ရွာလုံးနီးပါးလောက်သွားတယ်။ ကျန်တဲ့ ရွာတွေလည်း ရှို့တယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေလည်းများတယ်။ အခုလောလောဆယ် စခတွေပြန်ဆုတ်သွားပြီဆိုတော့ တစ်ချို့ပြည်သူတွေကလည်း ပြန်ဝင်တာတွေတော့ရှိတယ်။” ဟု One More စစ်ကြောင်း တာဝန်ခံက ပြောဆိုသည်။

ပြည်သူပေးသော အင်အားဖြင့် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်းများကို အကြမ်းဖက် နှိပ် စက်နေသော စစ်အာရှင်တစ်ဦးချင်း စီကို ဆက်လက်နှိမ်နင်းကာ ပြည်သူလူကို ဆက်လက် ကာ ကွယ်ပေးသွားဖြစ်ကြောင်း One More စစ်ကြောင်းက ကတိပြုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article