28 C
Yangon

ဘန်ကောက်ဈေးဝယ်စင်တာတွင် ဗီယက်နမ်ခရီးသွား၏အိတ်ကို ခိုးယူသည့် မြန်မာအမျိုးသား အဖမ်းခံရ

Must read

ရန်ကုန်၊ မတ် ၂၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် ဈေးဝယ်စင်တာတစ်ခုမှာ ဗီယက်နမ်နိုင်ငံသား ခရီးသွားတစ်ယောက်ရဲ့ ကျောပိုးအိတ်ကို ခိုးယူခဲ့တယ်လို့ သံသယရှိရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အခင်း ဖြစ်ပြီး ၂ နာရီအတွင်းမှာတင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် ဗီယက်နမ်ခရီးသွား အမျိုးသမီး Quach Thi Thanh Hien ဟာ ပထုံဝန် (Pathumwan) နယ်မြေထဲက ဈေးဝယ်စင်တာတစ်ခုမှာ ဈေးဝယ်နေတုန်း သူ့ရဲ့ကျောပိုးအိတ်ကို သတိမထားမိခင်မှာပဲ အခိုးခံလိုက်ရတာပါ။ အိတ်ပျောက်ဆုံးသွားတာကို သိသိချင်း ည ၈ နာရီ ၂၃ မိနစ်မှာ ပထုံဝန်ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဈေးဝယ်စင်တာထဲက CCTV မှတ်တမ်းတွေကို ချက်ချင်းစစ်ဆေးခဲ့ရာမှာ တီရှပ်နဲ့ ဘောင်း ဘီရှည်ဝတ်ထားတဲ့ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးဟာ စင်တာထဲကနေ ဖာယာထိုင်း (Phaya Thai) လမ်းမဘက်ကို ထွက်သွားတာကို တွေ့ရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားနောက်ကို စုံစမ်းလိုက်လံခဲ့ရာမှာတော့ စွိုင်နွန်ဂျစ် (Soi Nomjit) လမ်းထဲမှာ အသက် ၃၁ နှစ်အရွယ် လင်း (Lane) လို့ အမည်ရတဲ့ မြန်မာအမျိုးသားကို ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူဟာ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူဖြစ်ပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ ခိုးမှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ၎င်းနေထိုင်ရာ အခန်းထဲကနေ ခိုးယူသွားတဲ့ အနက်ရောင်ကျောပိုးအိတ်နဲ့အတူ ထိုင်းဘတ်ငွေ ၉,၅၀၀၊ အမေရိကန်ဒေါ်လာတွေနဲ့ ဗီယက်နမ်ဒေါင်ငွေ အမြောက်အမြားကို ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။

ပိုင်ရှင်ဖြစ်သူ ဗီယက်နမ်အမျိုးသမီးကလည်း သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာ သူ့ပစ္စည်းတွေ အမှန်ပဲဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါမြန်မာအမျိုးသားကို ညအချိန်ခိုးမှုကျူး လွန်မှုနဲ့ တရားစွဲဆိုထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ စစ်ဆေးရေးအရာရှိတွေဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article