27 C
Yangon

ရေဦးမြို့ဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ မတ် ၂၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့ တောင်ဘက် ကြာဖူးအဝိုင်းရှိ မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဗိုလ်ရုပ်ကဇိုး ဦးဆောင်သော Wolf Guerrilla LPDF Ye.U အဖွဲ့မှ ရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများ အထိုင်ချ နေထိုင်လျက်ရှိသော ဘန်ကာ အနီးတစ်ဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ရေဦးမြို့ တောင်ဘက်က ကြာဖူးအဝိုင်းမှာရှိတဲ့ မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်မှာက ခွေးအင်အား ၅၀ လောက်ရှိတယ်။ စစ်ခွေး သေစာရင်းက မသိရသေးဘူး။ စစ်ခွေး ၁ ကောင် ဒဏ်ရာရတယ်လို့ပဲ သတင်းရတယ်။ စစ်ခွေးဘက်က သေဆုံးတာတွေတော့ ရှိနိုင်သေးတယ်” ဟု Wolf Guerrilla LPDF Ye.U Air Force မှ သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ပြောဆိုသည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ် အကြာတွင် အကြမ်းဖက် စစ်တပ်ဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article