26.3 C
Yangon

ဘန်ကောက်တွင် ကုန်တင်ရထားနှင့် လိုင်းကား တိုက်မိပြီး ခရီးသည်တင် လိုင်းကားမီးလောင်မှုဖြစ်ပွား၊ လိုင်းကားပေါ်မှ အနည်းဆုံးခရီးသည် လူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ မေ ၁၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ အဆုခ်-ဖရာရမ်ကိုး (Asoke – Rama 9) လမ်းပိုင်း၊ မက္ကဆန် (Makkasan) ရပ်ကွက်အတွင်းရှိ လေဆိပ်ရထားလိုင်း (Airport Rail Link) တံတားအောက်တွင် ယနေ့ မွန်းလွဲပိုင်းက ကုန်တင်ရထားတစ်စီးနှင့် ခရီးသည်တင်လိုင်းကားတစ်စီး ပြင်းထန်စွာ တိုက်မိပြီး လိုင်းကား မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၄ နာရီဝန်းကျင်အချိန် ကုန်တင်ရထားနှင့် တိုက်မိခဲ့သည့် လိုင်းကားမှာ အရှိန်လွန်ကာ တံတားတိုင်ကို ပြင်းထန်စွာ ဝင်တိုက်မိခဲ့ပြီးနောက် ကားတစ်စီးလုံး မီးကူးစက်လောင်ကျွမ်းကာ ကောင်းကင်ယံသို့ မီးခိုးလုံးကြီးများ ထွက်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် အနီးနားရှိ အရပ်သားပိုင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်အမြောက် အမြားကိုပါ ရထားတိုက်မှုအရှိန်ကြောင့် ရိုက်ခတ်မိကာ ထိခိုက်ပျက်စီးမှုများနှင့် လူထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက်ရှိလာကာ မီးငြှိမ်းသတ်ခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရသည်။

ကနဦး စစ်ဆေးချက်များအရ လိုင်းကားပေါ်တွင် ပါရှိသည့် ခရီးသည်များအနက် သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကိုမူ အနီးနားရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အာဏာပိုင်များက အဆိုပါ ရထားလမ်းဆုံ၌ တိုက်မိရသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article