26.8 C
Yangon

အောင်လံရှိ ရွှေပန်းတောရွာ နတ်မောက် စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ လောင်းလုံးမှ ရေဖြူ မြို့နယ်အတွင်းကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ စစ်ရေးတင်းမာနေ

Must read

ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာ နတ်မောက်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- သရက်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန် သည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင် အောင်လုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် – သရက်ခရိုင် အမှတ် ၂ တပ်ရင်း ဆေးတပ် (ယာယီ) အဆောင်ကို စစ်ကောင်စီတပ်က ကာမီကာဇေ ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ဆေးတပ်သား ရဲမေ ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ထို့ကြောင့် ယင်းတိုက်ခိုက်မှုကို တန်ပြန်စစ် သည့်အနေဖြင့် သရက်ခရိုင်၊အမှတ် ၂ တပ်ရင်းနှင့် ပြည်ခရိုင်တပ်ရင်း ၂ တို့ပူးပေါင်းကာ ၁၄၀၄ စစ် ဆင်ရေး တစ်ရပ်ကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးမှာ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာ နတ်မောက်ဂိတ်ဖြစ်ပြီး ယင်းစခန်း တွင် စစ်ကောင်စီတပ်သား ၃၅ ဦးဖြင့် တပ်စွဲထားသဖြင့် စခန်းကို သိမ်းပိုက်ရန် ရည်ရွယ်ကာ ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ဗိုလ်တစ်ဦးနှင့် ရဲဘော်တစ်ဦးသာကျန်ရှိနေချိန် စစ်ကူစစ်ကြောင်း နှင့် ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ကူပေး မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

စခန်းတိုက်ပွဲဆင်နေစဉ် စစ်ကောင်စီ၏ ကပစ ၁၅ မှ ၁၀၅ မမ (ဟောင် ဝစ်ဇာ) လက်နက်ကြီးဖြင့် ၉ လုံးခန့် ပစ်ကူပေးခဲ့သည့်အပြင် ကပစ ၁၉ မှလည်း စစ်ကူအင်အား ၃ဝ ခန့် ချီတက်လာခဲ့သဖြင့် တိုက် ပွဲဖြစ်ပွားရာ နတ်မောက်ဂိတ်စခန်းနှင့် ၁ မိုင်ကျော်ကျော်အကွာအဝေးနေရာ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော် ထောက်ပို့တပ်ဖွဲ့ -၂ နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၇ ဦးသေဆုံးပြီး ကင်းထောက် ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးလည်း ဟောင်ဝှစ်ဇာလက်နက်ကြီး ဗုံးစ လက်မောင်း ထိ မှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

သရက်ခရိုင်၊အမှတ် ၂ တပ်ရင်းအနေဖြင့် တပ်ရင်း၏ မဟာဗျူဟာ ကာလ ၃ ကျော်လွန်နိုင်တော့မည် ဖြစ်ပြီး မြို့ပြစစ်ဆင်ရေးများကို ခပ်စိပ်စိပ်ဖော်ဆောင်လာရတော့မည် ဖြစ်သောကြောင့် မိဘပြည်သူ လူထုများ အနေဖြင့် စစ်ကောင်စီ၊ ဂိတ်စခန်း ၊ စစ်အစိုးရ ရုံး ၊ အဆောက်အဦးများနှင့်လွတ်ကင်းစွာ နေထိုင်သွားလာကြပါရန် ထုတ်ပြန်ကာ မေတ္တာရပ်ခံထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ရေဖြူမြို့နယ် အတွင်း ဝင်ရောက်လာသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ဘက်မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမြောကင်းတံတားမှနေ၍ လောင်းလုံးမြို့ဘက်ကို ခြေလျင် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက လမ်းတောက်လျောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း အထိနာကာ စခန်းကြီးကျေးရွာဘက်ကို ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့နောက် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဖြူမြို့နယ်၊ ပိန်းရှောင်ရွာဘက်ကို ထပ်မံ ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကြောင်းသည် ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားခြင်းမရှိဘဲ တောတောင်များအတွင်းသာ တပ်ဖြန့်ထားကြောင်း သိရှိရသည်။

“လောင်းလုံးထဲနေက အခုခွေးစစ်ကြောင်း ရေဖြူဘက်ကို ရောက်သွားပြီး ရေဖြူနဲ့ လောင်းလုံးအစပ်က ပိန်းရှောင်ရွာနားမှာ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ စစ်ခွေးတွေက ရွာထဲမှာ မနေဘဲ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှာကို ကြောက်ပြီးတော့ တောတောင်တွေ အထဲမှာ တပ်ဖျောက်တဲ့ အနေနဲ့ တပ်တွေဖြန့်ထားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article