ရန်ကုန်၊ ဇန်နဝါရီ ၂၈
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ထူဒူငံသရွာတွင် သေဆုံးနေသော ပြည်သူ ၂ ဦးကို ဒေသခံများကတွေ့ရှိပြီး ဇန်နဝါရီလ ၂၈ ရက် တွင် ညောင်လေးပင်လူမှုကူညီရေးအသင်းက မြေမြှုပ်သဂြိုလ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။အဆိုပါ ပြည်သူ ၂ ဦးမှာ သားအမိ တော်စပ်ပြီး အသက် ၆၃ နှစ်ရှိ မိခင် ဒေါ်မူနှင့် သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် စောဒါးထူးတို့ဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။