ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်နှင့် ရွှေဘို မြို့နယ်တို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် ၉ ရွာ၊ ၉ မိုင် လမ်းလျှောက်သပိတ်လှုပ်ရှားမှုကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်တီက ဒေသတွင်း သပိတ်အင်အားစုများနှင့် အတူပြုလုပ်ခဲ့ကြောင်း သိရသည်။
ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီနှင့် ကနီမြို့နယ်မှ ပြည်သူများ၊ ပြည်သူ့ အခြေပြုကျောင်းများမှ ကျောင်းသား လူငယ်များ ပူးပေါင်း၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရွှေဘိုမြို့နယ်တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ပန်းများဖြင့် မေစုအမည် ပုံဖော်၍ နှင်းဆီးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။






