ရန်ကုန်၊ ဇွန် ၁၉
မကွေးတိုင်း စလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများက ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။






