ရန်ကုန်၊ ဩဂုတ် ၈
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် အကြမ်း ဖက် စစ်တပ်၏ လုံခြုံရေးကားတန်းကို ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ အချိန် တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပျောက် ကျားအဖွဲ့ တစ် ခု မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကားတွေက ကင်းလှည့်နေတာ။ အဲဒါ ကားတန်း လာတဲ့အချိန်မှာ ဗုံးတစ် လုံး ခွဲတယ်။ သူတို့အောက်ဆင်းကြည့်တဲ့အချိန်မှာ ကျနော်တို့ တစ်လုံး ထပ်ခွဲ တယ်။ အဓိက ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းနဲ့ အခု အကြမ်းဖက် စစ် တပ်ရဲ့ သတ်ဖြတ်ကြောင့် ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် စစ်တပ် ကား တန်းကို တိုက်ခိုက်တာပါ။ ထိခိုက်ဒဏ်ရာရရှိမှုတော့ အတိအကျမသိ ရသေး ဘူး” ဟု ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ခေါင်းဆောင်က ဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သာကေတမြို့နယ်တစ်ခွင်လုံးကို စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ကြောင်း၊ ဖုန်းများကို စစ်ဆေးခြင်း၊ YBS ကား များအပေါ်ပါ တက်၍ စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။
“YBS ကားတွေပေါ်ပါ တက်စစ်တယ်။ ဖုန်းတွေလည်းစစ်တယ်။ အိတ်တွေ လည်း စစ်တယ်။ လမ်းတွေထဲအထိ ဝင်စစ်နေတာ” ဟု သာကေတမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။
ဓာတ်ပုံ- မြို့ပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)