32 C
Yangon

ရေစကြို၊ လှေကုတ်ရွာကို စစ်တပ်က ဒုတိယ အကြိမ် ရွာလုံးကျွတ် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ သြဂုတ် ၁၅

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လှေကုတ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ကာ ကျေးရွာကို ဒုတိယအကြိမ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လှေကုတ်ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၃ ရက်နေ့ကလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ထက်ဝက်ကျော် မီးရှို့ ဖျက်ဆီးခံရပြီး လက်ရှိချိန်တွင် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

” စစ်ခွေးတွေ ပထမ အကြိမ် မီးရှို့တုန်းက ရွာထဲမှာရှိတဲ့ အိမ်ခြေ တစ်ဝက်ကျော်လောက် မီးထဲပါသွားတယ်။ အခု ဒုတိယအကြိမ် ထပ်ရှို့ဆိုတော့ ရွာလုံးနီးပါး ဆုံးရှုံးနိုင်တယ်။ PDF ရွာ PDF တွေ လက်ခံတဲ့ရွာမို့ နေအိမ်အားလုံး အကုန် မီးရှို့မယ်လို့လည်း ကျိန်းဝါးတယ်တဲ့ တားတဲ့သူ ပြစ်သတ်မယ်တဲ့ တစ်ရွာလုံး ပြာမကျကျအောင် ရှို့မယ့် ပုံစံရှိတယ်။ ရွာထဲက အခြေအနေတွေ ကျွန်တော်တို့ မသိရသေးရဘူး။ အဝေးကနေပဲ ကြည့်နေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article