20 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင် ရဲ့ သားသမီးတွေ ဖြစ်ကြတဲ့ ခင်သီရိ သက်မွန် နဲ့ အောင်ပြည့်စုံတို့ ရဲ့ ကုမ္ပဏီ ၂ ခု အပါအဝင် စစ်တပ် နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီ ၃ ခုကို ဗြိတိန် ကနေ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ လိုက်တယ်လို့ ကြေညာထားပါတယ်။ – မြန်မာပြည်သူတွေနဲ့ ရိုဟင်ဂျာအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာ စစ်တပ်ကို ICC တရားရုံး ပို့ဆောင်ရေးအတွက် အမေရိကန်က ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ- ဂျေ- ဘလင်ကန်ကနေ ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ – ပြည်တွင်းစီးပွားရေး စျေးကွက်အတွင်း ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၃၁၀၀ နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၈ သိန်း ၁ သောင်းအထိ စျေးပြန် ထိုးတက် သွား တယ်လို့ စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။ – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့ကနေ ဝင်ရောက် စီးနင်းပစ်ခတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေသွားတဲ့သတင်းအပါ အဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article