30 C
Yangon

ဒလရဲစခန်းနှင့် မြို့နယ်တရားရုံးရှေ့တွင် ဗုံးပေါက်ကွဲ၊ မရမ်းကုန်းမြို့နယ်နှင့် မြောက်ဒဂုံတို့တွင် ဗုံးများကွဲ

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရဲစခန်းနှင့် မြို့နယ်တရားရုံးရှေ့တွင် ယနေ့ နံနက် ၉ နာရီအချိန် ဗုံးများပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒလမြို့နယ်တရားရုံးတွင် ဗုံးပေါက်ကွဲသံများ ကြားရခြင်းဖြစ် ကြောင်း၊ လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘဲ ရဲနှင့်စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

“ဒလ တရားရုံးမှာ ဒီနေ့ဗုံးပေါက်ပါတယ်။ မနက် ၉ နာရီလောက်က လူထိခိုက်မှုတော့ မသိရသေးဘူး။ ဗုံး ပေါက်တဲ့ ဒလတရားရုံးက ရဲစခန်းရှေ့မှာ ရှိနေတာ။ ရဲစခန်းရှေ့က တရားရုံးကို ရအောင် ဗုံးခွဲသွားတာ” ဟု ဒလဒေသခံတစ်ဦးက ပြောသည်။

အလားတူ မြောက်ဒဂုံ/အရှေ့ဒဂုံမြိုနယ် တစ်နေရာတွင်လည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မြောက်ဒဂုံနဲ့ အရှေ့ဒဂုံအစပ်နားမှာ ပေါက်တာ။ ဘယ်မြို့နယ်ထဲဝင်မလဲတော့မသိ။ အသံတော့ တော်တော်ကျယ်တယ်” ဟု ၇/၈ လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ ဦးဘဟန်လမ်း မီးပွိုင့်အနီးတွင် မပေါက် ကွဲသေးသော ဗုံး ၂ လုံးတွေ့ရှိသဖြင့် ယနေ့ နံနက် ၁၀ နာရီ ၅၈ မိနစ်တွင် စစ်တပ်က လမ်းပိတ်ဆို့ ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article