29 C
Yangon

ကျွန်းလှမြို့နယ် ကုန်းစည်းရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၉ လုံးပြာကျ၊ ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Must read

ရန်ကုန်၊ သြဂုတ် ၂၈

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အ​နောက်ဘက်ရှိ ကုန်းစည်းရွာကို အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၅၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကုန်းစည်းရွာကို ဩဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် အင်အား ၁၈၀ ဝန်းကျင်ခန့်ဖြင့် ရောက်ရှိလာကာ တစ်ညအိပ် တပ်စွဲပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့ နံနက် အစောပိုင်းတွင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ကုန်းစည်းရွာ စာကြည့်တိုက် အပါအဝင် နေအိမ် ၄၂ လုံးနှင့် အ​ရှေ့ကုန်းစည်းရွာထဲမှ ​နေအိမ် ၁၇ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘုန်း​ကြီး​ကျောင်းအတွင်းရှိ စားနပ်ရိက္ခာများ၊ ကား၊ ဆိုင်ကယ်များကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်း ဝင်ရောက်စဥ်က မြေပဲခင်းထဲ၌ ဖမ်းဆီးသွားသော ကုန်းစည်းရွာသား ၁ ဦးနှင့် အခြားရွာသား ၂ ဦးကိုလည်း ၎င်းတို့ စစ်ကြောင်း ရွာမှ ပြန်လည် ထွက်ခွာစဥ်၌ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကုန်းစည်းရွာသည် နေအိမ် ၃၀၀ ဝန်းကျင်ခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပထမအကြိမ် ဝင်ရောက် စီးနင်း မီးရှို့စဥ်က နေအိမ် ၇ လုံး ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article