28 C
Yangon

“အမှောင်ကျတဲ့တို့တိုင်းပြည် ညီညွတ်အားနဲ့ ထွန်းလင်းကြစို့ ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး မီးသပိတ် ပြုလုပ်

Must read

ရန်ကုန်၊ သြဂုတ် ၂၉

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် The Youth Force (Saw & Kyaukhtu) ကာကွယ်ရေးရဲဘော်များ နှင့် ပြည်သူလူထုများ ပူးပေါင်းပြီး ယနေ့ည ၈ နာရီခန့်တွင် “အမှောင်ကျတဲ့တို့တိုင်းပြည် ညီညွတ်အားနဲ့ ထွန်းလင်းကြစို့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး မီးသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ် အခန်းအနားကို ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းများကို အောင့်မေ့သတိရသောအားဖြင့် လည်းကောင်း မတရားအကျဥ်းကျခံနေရသော ပြည်သူများ နှင့် အကြမ်းဖက် စစ်တပ်ကြောင့် ဒုက္ခပင်လယ်ဝေနေကြရသော ပြည်သူများအတွက် အနာဂတ်မှာ အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး အမှောင်ကျနေတဲ့ တို့တိုင်းပြည် (ညီညွတ်အားနဲ့ ထွန်းလင်းကြစို့)၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး (ဒို့အရေး၊ ဒို့အရေး)၊ စစ်အာဏာရှင် ကျရှုံးရေး (ဒို့အရေး ၊ ဒို့အရေး)၊ ဒို့ယောသားတွေ ညီရဲ့ လားဟေ့ (ညီတယ်ဟေ့ ၊ ညီတယ်ဟေ့)၊ အရေးတော်ပုံ (အောင်ရမည်၊ အောင်ရမည်၊ အောင်ကိုအောင်ရမည်)၊ အရေးတော်ပုံ (အောင်ရမည် ၊ အောင်ရမည် ၊ အောင်ကိုအောင်ရမည်) စသည့် ကြွေးကြော်သံများဖြင့်လည်း ကြွေးကြော်ခဲ့ကြောင်း သိရသည်။

အခမ်းအနား အပြီးတွင် The Youth Force (Saw & Kyaukhtu) ရဲဘော်များနှင့် ပြည်သူလူထုများ ရင်းရင်းနှီးနှီးတွေ့ဆုံ စကားပြောခဲ့ကြပြီး တော်လှန်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article