19 C
Yangon

မြင်းမူမြို့နယ်တွင် ကား ၁၁ စီးပါ စစ်ယာဉ်တန်း မိုင်း၂ကြိမ်ဆွဲခံရပြီး စစ်သား ၁၂ ဦးသေဆုံးနိုင်ဟုဆို

Must read

ရန်ကုန်၊ စစ်တင်ဘာ၉

စစ်ကိုင်တိုင်း၊ မြင်းမူမြို့နယ်တွင်ယနေ့ စက်တင်ဘာ၉ရက်နေ့ နေ့လည် ၁၂ နာရီ ၁၆မိနစ်အချိန်ကား ၁၁ စီးပါ စစ်ယာဉ်တန်း မိုင်း၂ကြိမ်ဆွဲခံရပြီး စစ်သား ၁၂ ဦး သေဆုံးနိုင်ဟုကြောင်း Zero ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုသက် ကြီးက ရန်ကုန်ခေတ်သစ်သတင်ဌာနထံသို့ ပြောဆိုသည်။

စစ်ယာဉ်တန်းသည် မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာစဉ် ယခုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ ပဒေသာများ ၁၄ လုံးဖြင့် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မုံရွာဘက်ကနေ စစ်ခွေးတွေ တင်လာတဲ့ကားတန်းကို ပထမအကြိမ် ထီးဆောင်း နဲ့ကံပြားရွာအကြားမှာ ပဒေသာမိုင်း ၉ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်ဒုတိယအကြိမ်ကတော့ နဘဲကြူးနဲ့ပျော့ရွာအကြားအရောက်မှာ ပဒေ သာမိုင်း ၅ လုံး နဲ့ ထပ်မံမိုင်းဆွဲတယ်။ မိုင်းဆွဲတဲ့ ၂ ကြိမ်လုံးမှာ စစ်ခွေး ၁၂ ကောင် သေတယ်။ အဲဒီသေတဲ့ အလောင်းတွေကို မြင်းမူမြို့ကိုပို့ ဆောင်နေတယ် လို့ ကျွန်တော်‌တို့ သတင်းပေးတွေရဲ့ သတင်းပေးပို့ချက် အရ သိရပါတယ်” ဟု Zero ပျောက်ကျားတပ်ဖွဲ့၏ တာဝန်ခံ ကိုသက်ကြီးက ရှင်းပြသည်။

မိုင်းဆွဲခံရသည့် နေရာနှစ်ခုစလုံးတွင် မိုင်းထိမှန်ထားသော စစ်ကားများ၏ ပျက်စီးနေသော အစိတ်အပိုင်းများ ကျန် ရစ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ ZERO POWER တော်လှန်ရေးအင်အားစု (စစ် ကိုင်းတိုင်း) ၊နွေဦးရဲဘော် PDF တို့က “တောကျီးကန်း စစ်ဆင်ရေး”အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article