32 C
Yangon

မင်းပြားတွင် စစ်သင်္ဘော ၂ စင်း ကို AA က တိုက်ခိုက်ရာ ၁ စင်းပျက်စီးသွား၊ စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ထိုးစစ်ဆင်သဖြင့် အရပ်သားများထိခိုက်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရခိုင်ပြည်၊ မင်းပြားမြို့အနီးရှိ၊ သတ်ပုန်းချောင်း၊ ချောင်းရှည်အနားတွင် ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊လေ ပူး ပေါင်း ၍ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ပေါက်တောဖက်မှ ဆင်းလာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီးကို ချောင်းရှည်အနားအရောက်တွင် ရက္ခိုင့်တပ်တော် AA ဖက်က စတင်တိုက်ခိုက်ရာကနေ နေဗီဖက်က ပြန်လည်ပစ်ခတ်ပြီး နှစ်ဖက်အပြန်လှန် ၁ နာရီ နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အနီးအနား ကျေးရွာများက ပြောသည်။

“ပေါက်တောဘက်မှ တက်လာတဲ့ နေဗီကို AA က စပစ်တယ်။ နှစ်စီးတက်လာတာပါ၊ ၁ စီးက ဟိုဖက် အရှေ့ရွာမှာ ကျန်ခဲ့တယ်။ အဲ့ဒီကနေ့ နေဗီကနေ လှမ်းပစ်တယ်။ ခဏနေ အကြာတော့ လေယာဉ် နှစ်စီးနဲ့လာပစ်တယ်။ နေဗီကတော့ တော်တော်ထိသွားတယ်။ မီးခိုးတွေထွက်နေတာကိုမြင်လိုက်တယ်” ဟုပြောသည်။

ယင်းနောက်တွင် စစ်ကောင်စီက တိုက်လေယာဉ် နှစ်စီးဖြင့် ဗလီပေါက်၊ စက္ကေလေ၊ သတ်ပုန်းချောင်း၊ ချောင်းရှည်ကျေးရွာအနားသို့ လာရောက်ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် အဆိုပါ ရွာနားသို့ လက်နက်ကြီးများ ကျရောက်၍ ကျေး ရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရှိမှုများရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် မင်းပြားမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်း (၃) ရင်း အခြေစိုက်လျက်ရှိသည့် တပ်ရင်းများက လက်နက်ကြီး များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာများဖက်သို့ ပစ်ခတ်လျက်က်ရှိပြီး မင်းပြားအထက်ပိုင်းဖြစ်သည့် လေးမြို့ချောင်း၊ ဖုံသာချောင်းများသို့ လည်း လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက‌ပြောသည်။

လက်ရှိတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် ကလေး ၂ ဦး ထိခိုဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“တိုက်ပွဲက မင်းပြားမြို့နယ် သက်ပုန်းကျွေးရွာနဲ့ခေါင်းလောင်းချောင်း ကျေးရွာအနီး ဖြစ်နေတာ။ လောလောဆယ် ကိုယ်ဝန်ဆောင် အမျိူးသမီးအပါအဝင် ထိခိုက်သူတွေရှိတယ်။ ပြီးရင် စစ်တပ်က ကျိန်းတောင် အထက်ကနေ အခုပစ်နေတယ်။ အခြေနေတွေ သိပ်မကောင်းဘူး” ဟု မင်းပြားဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ -မင်းပြားမြို့အနီး ကျေးရွာများကို ယနေ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေစဥ်/ Hanter

Read

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article