Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -စစ်ကိုင်းတိုင်း ဒီပဲယင်း၊ လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း စာသင်ကျောင်းကို ဝေဟင်အင်အား သုံးကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ကြသူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၁၀) စစ်ဆေးရေး ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း တပ်မ (၃၆၈) မှ အကြမ်းဖက် တပ်သားတွေဖြစ်တယ်လို့ NUG လူ့အခွင့်အရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ – စစ်ကိုင်းတိုင်း၊ တမူးမှာ အိမ်မီးရှို့ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို FRT အဖွဲ့နဲ့မဟာမိတ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်တပ်သား ၂၀ခန့် သေသွားတယ်လို့ Freedom Rangers တမူး(FRT)ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ တော်လှန်ရေးရဲဘော်တစ်ဦး သတင်းဖော်ပြထားမှုအရ သိရပါတယ်။ – အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်အထိ လိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့ မော်ဒယ် အလှမယ်ဟန်လေး ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရရှိသွားတဲ့အတွက် ဒီကနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ကနေ ထွက်ခွာမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားဖော်ပြထားပါတယ်။ – အင်းစိန်အကျဥ်းဦးစီးဌာနက စက်တင်ဘာလ ၂၄ရက်နေ့မှာ မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေး အကျဥ်း သား အမျိုးသား ၂၀၀ဦးနဲ့ အမျိုးသမီး ၅၀ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်ကို ပြောင်းရွေ့လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။