22 C
Yangon

စစ်ကိုင်း-မုံရွာလမ်းတွင် စစ်ကားတန်း မိုင်းခွဲခံရမှု နှင့် တောင်သာ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခံရမှုတွင် စစ်သား ၂၁ ဦးသေဆုံး၊ ပုသိမ်ရှိ စစ်တပ်ပိုင် Mytel ရုံး ဗုံးခွဲခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာလမ်းတွင် ယနေ့ နံနက်ပိုင်း စစ်ကား ၆ စီးပါ ကားတန်း မိုင်းဆွဲခံရပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ် T.G.R မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြေဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက် လာသော စစ်ကား ၆ စီးပါ ယာဉ်တန်းကို ဂွေးပင်တော ကျေးရွာနှင့် နတ်ရေကန် ကျေး ရွာ ကြားတွင် မိုင်း၆ လုံးတွဲဖြင့် တိုက်ခိုက်ရာ စစ်ကား ၂ စီး စုတ် ပြတ်သတ် ပျက်စီးသွား ပြီး လူနာတင်ကား ၂ စီးဖြင့် ချောင်းဦး ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ အပြင်းထန် ဒဏ်ရာရရှိမှုများ ရှိနေပြီး လတ်တလောသတင်း ရရှိမှုအရ စစ်သား ၁၅ ဦးသေဆုံးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် ၊Saw Bwar Gyi (MPDF). ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁ ရက်နေ့ ည ၇နာရီအချိန်မန္တလေတိုင်း တောင်သာမြို့ ၊ မြို့ အဝင်၊အထွက် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

တောင်သာမြို့အဝင်ဂိတ်သည် စစ်တပ်နှင့် ရဲ စုစုပေါင်း ၁၅ ဦး ရှိနေသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး တောင်သာအခြေစိုက် မြင်းခြံခရိုင်တပ်ရင်း အမှတ်၃ က လက်နက်ကြီး ၊ လက်နက်ငယ် တို့ဖြင့် အဆက်မပြတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၆ ဦး သေဆုံးကြောင်း၊ စစ်သား ၄ ဦး၏ အလောင်းများကို ချက်ချင်း လုတ်တိုင်းကုန်းတွင် မီးရှို့ခဲ့ပြီး ကျန် ၂ လောင်းကို ကားဖြင့်သယ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် ယနေ့ ညပိုင်း စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးရုံး ကို ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုကို PSTF (Pathein Special Task Force) က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၁) ဘောတံတားဝန်းရှေ့တွင် ဖွင့်လှစ်ထားသော စစ်တပ်၏ အဓိက စီးပွါးရေးဒေါက်တိုင် Mytel ရုံးချုပ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ကန်ကြီးထောင့် ပကဖ နှင့် PSTF တို့ ပူးပေါင်းကာ ဗုံးဖောက်ခွဲခဲ့ကြောင်း PSTF ထံမှ သိရှိရသည်။

“စစ်တပ်ရဲ့ Mytel ရုံး ဗုံး​ပေါက်တယ်။ ပုသိမ်၊ ကမ်းနား ​ရွှေကြာပွင့် ဆိုင်ကယ် အ​ရောင်းဆိုင်မှာရှိနေတဲ့ CCTV ကို စစ်တပ်နဲ့ ရဲက ရသွားပြီး ညတွင်းချင်း ကြည့်နေကြတယ်။ ရွှေကြာပွင့် အိမ်ဝရန်တာအ​ပေါ်က​နေ ကင်းပုန်း​တွေချထားတယ်။ လမ်း​တွေပိတ်ပြီးစစ်​ဆေး​နေတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်နှင့်ရဲက ပုသိမ်မြို့ နေရာအများအပြားကို ပိတ်ဆို့ စစ်ဆေးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းများလုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ ပုသိမ်မြို့အဝင်အထွက် သဲအိတ်ဘန်ကာများ တည်ဆောက်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article