ရန်ကုန်၊ အောက်တိုဘာ ၅
ကမ္ဘောဒီယားနိုင်ငံတွင် နိုဝင်ဘာလ ကျင်းပမည့် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိကြောင်း ကမ္ဘော ဒီးယားအစိုးရက တရားဝင် သတင်း ထုတ်ပြန်သည်။
ကမ္ဘောဒီးယားက လာမည့်နိုဝင်ဘာလတွင် ဖနွမ်းပင်တွင် ပြုလုပ်မည့် အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်း မရှိကြောင်း၊ နိုင်ငံရေး ကိုယ်စားပြုမဟုတ်သည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားထားကြောင်း၊ မြန်မာအကြမ်းဖက် စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်း၊ ဒီမိုကရေစီ အ ရေး လှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်လိုက်ခြင်းတို့ အပါအဝင် မြန်မာ့အရေး တိုးတက်မှု မရှိခြင်းတို့က မြန်မာကို ဖယ် ထုတ်ရန် ဖြစ်လာခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားမှ ဖနွမ်းပင်ပို့စ်က သတင်းဖော်ပြသည်။
Asian Vision Institute၏ မဲခေါင်မဟာဗျူဟာလေ့လာရေးဗဟိုဌာနမှ သုတေသီ Thong Mengdavid က အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားအနေဖြင့် မင်းအောင်လှိုင်ကို အစည်းအဝေး မဖိတ် ကြားခြင်းသည် မြန်မာစစ်ခေါင်းဆောင်များကို ထောက်ခံမှု မပြလိုခြင်း သို့မဟုတ် မြန်မာအတိုက်အခံလှုပ် ရှားမှုများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို မျက်ကွယ်မပြုထားလိုခြင်း ဖြစ်သည်ဟု ဖနွမ်းပင်ပို့စ်သို့ မှတ်ချက်ပြု ပြောဆိုထားသည်။
အာဆီယံအနေဖြင့် နိုဝင်ဘာလ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ် သက်သော အရေးကြီးသော ဆုံးဖြတ်ချက်တချို့ ချမှတ်ရန်ရှိနေပြီး အလုပ်မဖြစ်သည့် အာဆီယံဘုံသဘောတူညီချက် ၅ရပ် ကိုလည်း ပြင်ဆင်ပြောင်းလဲရန်ရှိနေကြောင်း သံတမန်အသိုင်းအ၀ိုင်းကို ကိုးကား၍ သတင်းများက သုံးသပ်ရေးသားကြသည်။
မလေးရှားအစိုးရကမူ NUG အမျိုးသားညီညွတ်ရေးအစိုး၊ NUCC ၊ CRPH တို့နှင့် ထိတွေ့ ဆက်ဆံရန် အာဆီယံထံသို့ တရားဝင် တင်ပြ တောင်းဆိုလျက်ရှိနေသည်။
ဓာတ်ပုံ- ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ အွန်လိုင်းမှ တတိယအကြိမ် တွေ့ဆုံစဉ်။