22 C
Yangon

စစ်ကောင်စီက မင်္ဂလာဒုံဈေးမှ ဆိုင်ခန်းရာချီကို ၁၅ ရက်အတွင်း ဖျက်ခိုင်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

အကြမ်းဖက်စစ်ကောင်စီက မင်္ဂလာဒုံစျေးမှ ဆိုင်ခန်း ရာချီကို လာမည့် ၁၅ ရက်အတွင်း ဖျက်သိမ်းခိုင်းလိုက်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ယခင်ကတည်းက ငှားရမ်းဖွင့်လှစ်နေသည့် အဆိုပါ ဆိုင်ခန်းများကို ရုတ်တရက် အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဆိုင်ခန်းများကို ၁၅ ရက်အတွင်း ဖျက်သိမ်းပေးရန် ဆိုင်ခန်းပိုင်ရှင်များကို အကြောင်းကြားလာခြင်းဖြစ်ပြီး မဖျက်သိမ်းလျှင် ဥပဒေအရ အင်အားသုံး ဖယ်ရှားခြင်းနှင့် အရေးယူမည်ဟု သတိပေးစာ ပို့လာကြောင်း သိရှိရသည်။

“မင်္ဂလာဒုံဈေး အပေါ်ခြမ်း အရင် ကားဝင်းဘက် ဆိုင်ခန်းတွေရယ်၊ အရင် တိုင်းခန်းမ ရုပ်ရှင်ရုံကျော ဘက် ဆိုင်ခန်းတွေရယ်၊ ကြံ့ခိုင်ရေးတန်းလျားလို့ခေါ်တဲ့ ဆိုင်ခန်းတွေကို ဖျက်ခိုင်းတာ။ ဆိုင်ခန်း ၁၀၀ ကျော်လောက်ရှိမယ်။ အကြောင်းပြချက်တော့ မပေးပါဘူး” ဟု ဖျက်သိမ်းခံရတော့မည့် ဆိုင်ခန်းပိုင် ရှင်က ဆိုသည်။

မင်္ဂလာဒုံစျေးမှ ဆိုင်ခန်းများသည် ယခင် သန်းရွှေလက်ထက်တွင် တပ်ရန်ပုံငွေ၊ ကြံ့ဖွတ်ပါတီ ရန်ပုံငွေများအတွက် တည်ဆောက်ခဲ့သော ဆိုင်ခန်းများဖြစ်ပြီး လစဉ်၊ နှစ်စဉ် ငှားရမ်းခပေးဆောင်ရသော ဆိုင်ခန်းများဖြစ်ကြောင်း၊ ယင်းဆိုင်ခန်းများသည် တပ်မြို့ စည်ပင်ပိုင်မြေအတွင်း ကျရောက်နေသည်ဟုဆိုကာ သတိပေးစာဖြင့် ဖယ်ရှားခိုင်းခြင်း ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article