31 C
Yangon

ရခိုင်ပြည်နယ်၊ ရသေ့တောင် မညှင်းတောင်အနီးတွင် စစ်တပ်က တိုက် လေ ယာဉ် ၁ စီးဖြင့် ပစ်ခတ်နေပြီး လက်နက်ကြီးများဖြင့်လည်း ဆက်တိုက် ပစ် ခတ်

Must read

ရန်ကုန်၊အောက်တိုဘာ ၅

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်အနီးတွင် ယနေ့ အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ဂျက်တိုက်လေယာဉ်နှင့် တိုက်ခိုက်ခဲ့ပြီး အနီး အနားကျေးရွာများသို့ လက်နက်ကြီးကျည်များဖြင့် တရစပ်ပစ်ခတ်နေ သည်ဟု ဒေသခံများက ပြောဆိုသည်။

ယနေ့ နံနက်က ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ကုန်တန်းကျေးရွာဖက်သို့ ၄ ကြိမ်တိတိ ပစ်ခတ်ခဲ့သလို့ ရေစိုချောင်းဗျူဟာ၊ မညှင်းတောင်တို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးကျည်များ တရပ်စပ် ပစ် ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီအနီးတစ်ဝိုက် ဂျက်တိုက်လေယာဉ် တစ်စီးနဲ့ လှည့်ပတ်ပြီးတော့ ၄ ကြိမ်တိတိ ပစ်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့လည်း ကုန်တန်းရွာ၊ ကုလားချောင်းရွာဖက်ကို ဗျူဟာကုန်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်”ဟု ဒေသခံက ပြော သည်။

အဆိုပါ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုလည်းည်း မရှိဘဲ စစ်ကောင်စီတပ်က ယမန်နေ့ ကတည်းက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ပြီး ဒေသခံများ တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြောဆိုခဲ့သော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားမှု တစ်စုံတရာမရှိဘဲ စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဉ်နှင့်ပါ လာရောက်ပစ်ခတ်ခြင်းမှာ ရိက္ခာလမ်းကြောင်းအတွက် လမ်းရှင်းခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

“ကျနော်တို့ ကြားသိရတာကတော့ ဒီနေရာကို သူတို့ ဇက်နဲ့လာပြီးတော့ ရိက္ခာတွေပို့ဖို့အတွက် လမ်းပိတ်နေတယ်လို့ ကြားရတယ်။ အဲဒါကြောင့် သူတို့က လမ်းကြောင်းလာရှင်းတယ်လို့ သိရတယ်”ဟု ပြောသည်။

သြဂုတ်လ၂၈ ရက်နေ့ကလည်း အဆိုပါနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများဖက်သို့ ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ကျေးရွာများတွင် ရွာသား ၅ ဦး၊ ၁၀ ဦးခန့်က ရွာစောင့်အဖြစ် ကျန်နေခဲ့မှုများသာ ရှိသည်။

အဆိုပါ နေရာအနီးတဝိုက်တွင်ရှိသော ပြိန်းတော၊ ကုန်တန်း၊ ကုလားချောင်း၊ သမီးလှ စသည့် ကျေးရွာများရှိပြီး ၄င်းအနီးတဝိုက် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်း ၉ ကျောင်းကိုလည်း ပိတ်ထားရသည်ဟု ပြည်နယ်ပညာရေးမှူးက ပြောဆိုထားသည်။

၄င်းကျေးရွာသားများမှာ ၂၀၁၉၊ ၂၀၂၀ တိုက်ပွဲကာလတုန်းကလည်း စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲများ ငြိမ်သက်နေသည့်အချိန်တွင် မိမိကျေးရွာများသို့ သွားရောက်ကာ လယ်ယာများကို လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအချိန်တွင် စိုက်ပျိုးထားသော လယ်ယာများအား ကောက်ရိတ်သိမ်းခြင်း မပြုနိုင်တော့ဘဲ စွန့်ပစ်ထားခဲ့ကြရသည့်အတွက် နစ်နာမှုများစွာရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။

(Western News- WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article