31 C
Yangon

မုံရွေးကြေးမုံရွာကို စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၂၀ ကျော် ပြာကျပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများရှိ၊ ခင်မွန်ရွာကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးကြေးမုံရွာတွင် အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့ထိ တပ်စွဲကာ ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွေးကြေးမုံရွာကို အောက်တိုဘာလ ၄ ရက်နေ့မှ စတင်ကာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းချိန်တွင် ပြည်သူ ၃၀၀ ကျော်ခန့် ဖမ်းဆီးခံထားရပြီး အများစု ပြန်လည် လွတ်မြောက်လာသော်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် ခံထားရသူများလည်း ရှိကြောင်း သိရသည်

” မုံရွေးကြေးမုံရွာမှာ မီးရှို့ခံရတဲ့ နေအိမ်က ၂၀ လုံးနဲ့ အထက်ရှိတယ်။ မနေ့ညနေက ခင်မွန်ရွာဘက်ကို စစ်ခွေး စစ်ကြောင်း တစ်ကြောင်း ထွက်သွားတယ်။ ပြည်သူ ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်။ အများစုတော့ ပြန်လွတ်လာပြီလို့ သိရတယ်။ အကြမ်းဖက် စစ်ခွေးတွေက ခင်မွန်ရွာဘက်မှာ တပ်စွဲထားတယ်။ အင်အား ၅၀ ကျော် ၆၀ လောက်ရှိတယ်။ မုံရွာဘက်ကို တက်သွားတဲ့ စစ်ခွေး စစ်ကြောင်းကလည်း ပြည်သူတွေကို ဖမ်းဆီးသွားတယ်။ ဘယ်နှဦး ဖမ်းဆီးသွားလည်းဆိုတာ မသိရသေးဘူး” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီး မှုကြောင့် မုံရွေး ကြေးမုံကျေးရွာအတွင်းရှိ မိုးကောင်းအရပ်မှ နေအိမ် ၁၀ လုံး၊ ကမ္မအရပ်မှ နေအိမ် ၂ လုံး၊ ရှစ်ဆယ်အရပ်မှ နေအိမ် ၂ လုံး၊ အေးသာယာအရပ်မှ နေအိမ် ၁ လုံး၊ စပ်ကြားအရပ် (ပေလမ်းအနောက်ဘက်)မှ နေအိမ် ၁ လုံး၊ အေးသာယာအရပ်မှ နေအိမ် ၁ အိမ်၊ ရွာသစ်အရပ်မှ နေအိမ် ၁ လုံးနှင့် ရွာသာအေးအရပ်မှ နေအိမ် ၁ လုံးတို့ မီးရှို့ဖျက်ဆီး ခံရကြောင်း သိရသည်။

မုံရွေးကြေးမုံရွာကို ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းဦးမြို့နယ် ခင်မွန်ရွာဘက်သို့ ထွက်ခွာလာစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ခင်မွန်ရွာထဲကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article