25 C
Yangon

ထိုင်းနိုင်ငံ၊ Nong Bua Lamphu ခရိုင်တွင် မူကြိုကလေးထိန်းကျောင်းကို ဝင်ရောက်ပစ်ခတ်မှု ကလေးအများအပြား အပါအဝင် ၃၂ ဦးသေဆုံး ၊ ပစ်ခတ်သူက ဇနီးနှင့်သမီးကိုပါ ပစ်သတ်ပြီး အဆုံးစီရင်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

ထိုင်းနိုင်ငံ၊ Nong Bua Lamphu ခရိုင်ရှိ မူကြိုကလေးထိန်းကျောင်းကို ဝင်ရောက်ပစ်ခတ်ရာ ကလေးအများအပြား အပါအဝင် ၃၂ ဦးသေဆုံးသွားပြီး ပစ်ခတ်သူက ဇနီးနှင့်သမီးကိုပါ ပစ်သတ်ကာ အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။

ပစ်ခတ်သူသည် ရဲအရာရှိဟောင်း တစ်ဦးဖြစ်ပြီး အဖြူရောင် ပစ်ကပ်ကားဖြင့် ထွက်ပြေးသွားကြောင်း၊ ယင်းနောက် ပစ်ခတ်သူက ဇနီးနှင့်သမီးကိုပါ ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရှိရသည်။

ပစ်ခတ်သူ ရဲအရာရှိဟောင်း Panya Kamrab ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်း ဝယ်မှုများတွင် ပါဝင်ပတ်သက်သည့်အတွက် ရဲအဖြစ်မှ အလုပ်ထုတ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article