ရန်ကုန်၊ အောက်တိုဘာ ၆
ရန်ကုန်မြို့ တစ်နေရာတွင် အကြမ်းဖက် စစ်တပ်မှ လှည့်ကင်းများ ပတ်နေသည့်ကြားမှ တော်လှန်လူငယ် Demon အဖွဲ့က “ငါတို့ကိုပဲသတ်လို့ရမယ်၊ တော်လှန်ရေးကိုရပ်လို့မရဘူး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေသော်လည်း ကျန်ရှိနေသူများမှ ဆက်တော်လှန်သွားမည်ဖြစ်ကြောင်း၊ အာဏာရှင်မင်းအောင်လှိုင်နှင့် အပေါင်းပါတစ်သိုက်ကို အမြန်ဆုံးအမြစ်ဖျက်ချေမှုန်းရန် လိုအပ်ကြောင်း၊ တောင်လှန်လူငယ် Demon မှ ပြည်သူများ တတ်နိုင်သည့်ဘက်မှ တော်လှန်နည်းမျိုးစုံ ပုံစံမျိုးစုံဖြင့် ပါဝင်တော်လှန်ရန်နှင့် သွေးအေးမနေသင့်ကြောင်း၊ တိုက်တွန်းလိုသည့် အတွက် စာတန်း ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။