30 C
Yangon

ပေါက်မြို့နယ်နှင့် လောင်းလုံးမှ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ မြစ်ကြီးနားတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ အသတ်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မကွေးတိုင်း ပေါက်မြို့နယ် ရွှေလံရွာ ပျူ‌စောထီးအဖွဲ့ဝင် စောလင်း ကို အောက် တိုဘာလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သဖြင့် စောလင်း သေဆုံးခဲ့ကြောင်း သိရသည်။

ရွှေလံရွာ ပျူစောထီး အဖွဲ့ဝင် စောလင်းသည် ပေါက်မြို့နယ် ပျူစောထီး ခေါင်းဆောင် စိုးသိုက်ထွန်း၏ ညာလက်ရုံးဖြစ်ပြီး Anonymous Special Task Force အဖွဲ့က ရေပြာလမ်းဆုံတွင် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူ‌စောထီး စောလင်းသည် ရေပြာရဲစခန်း အတွင်း ကတုတ် ကျင်းများ တူးပေးခြင်း ၊ပေါက်မြို့နယ် တောင်ပိုင်း ကျေးရွာများကို စစ်တပ် စစ်ကြောင်းနှင့် အတူ မီးရှို့ရာတွင်ပါဝင်ခြင်း၊ စောလင်း၏နေအိမ်တွင် ဒီဒုတ်ကွင်းရွာမှ ပျူ‌စောထီးများ၊ ကုက္ကိုစုရွာမှ ပျူစောထီးများ ဝင်ရောက်နားခိုခြင်းတို့ လုပ်ဆောင်နေသောကြောင့် စောလင်းအိမ်ကို ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ရေပြာလမ်းဆုံ အရောက်တွင် ခုခံထွက်ပြေးရန် ကြိုးစားသေ ာကြောင့် ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ကြောင်း Anonymous Special Task Force အဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် လက် နက်ကိုင် ပျူစောထီး အဖွဲ့ဝင် ဇော်ဝင်းရှိန်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပျူစောထီး အဖွဲ့ဝင် ဇော်ဝင်းရှိန်ကို အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LLPDF)၊ ထားဝယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (DGRF)နှင့် T. PDF ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင် ပျူစောထီး ဇော်ဝင်းရှိန်ထံမှ ပွိုင့် ၂၂ သေနတ် ၁ လက်၊ လေသေနတ် ၁ လက်၊ ကျင်စက် ၁ လုံး၊ ဖုန်း ၄ လုံး၊ ဓား ၁ လက်၊ ရိုက်တုတ် ၁ လက်၊ မူးယစ်ဆေးချိန်သည့် ကီလိုခုံ ၁ လုံးနှင့် ငွေကျပ် ၁၄ သိန်းတို့ သိမ်းဆည်း ရမိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်နှင့် မြင် သာ ကျေးရွာ အကြားတွင် အောက်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

အောက်တိုဘာ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မြစ်ကြီးနား၊ အောင်မင်္ဂလာ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်ထွဋ်နှင့် ရာအိမ်မှူး လှ၀င်း တို့၏ ရုပ်အလောင်းကို ကားလမ်းဟောင်းဘေးရှိ ခြုံတောအတွင်း၌ လက်ပြန် ကြိုးတုပ်လျက် သေဆုံးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article