23 C
Yangon

ကနီ၊ မြောင်၊ နတ်တလင်းတွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မြောင်မြို့နယ်နှင့် ပဲခူးတိုင်း နတ်တလင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၁ ဦးသေဆုံးကြောင်း‌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

နတ်တလင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကရင်ဆင်ဆွဲရွာ အကြမ်းဖက် စစ်တပ် စစ် ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရသည်။

ကရင်ဆင်ဆွဲရွာသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ်တွင် အင် အား ၂၃ ဦးပါဝင်ပြီး အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ MRF-Nattalin တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း MRF-Nattalin တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြောင်တွင် ကျောက်ရစ်အနီးရှိ စစ်တပ်လုံခြုံရေးဂိတ် မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေဆုံး

အောက်တိုဘာလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ကျောက်ရစ်အနီးရှိ အကြမ်းဖက်စစ်တပ် ၏ လုံခြုံရေးဂိတ်အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ mine – ဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2Wက ယနေ့စစ်ဆင်ရေးအတွက် အထူးသီးသန့် ထုတ်လုပ်ထားသော မိုင်း ဖြင့် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးဂိတ်အတွင်းရှိ အကြမ်းဖက်စစ်သား ၄ ဦးအနက် ၂ ဦးကို ထမ်းထုတ်သွားဖြင့် သေဆုံးရန် ရာနှုန်းပြည့် သေချာကြောင်း၊ မိုင်းစစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM၊ Joker GZ နှင့် အမျိုးသမီးစစ်သည်တော်များအဖွဲ့ (မြောင်) – M2W စသည့် မဟာမိတ်အဖွဲ့သုံးဖွဲ့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကနီ၊ မြွေပိုင်းတောင်အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မြွေပိုင်းတောင်အနီးတါင် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကောင်စီတပ်ကို DRPA နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ရာ တိုက်ပွဲမှာ ၄ နာရီခွဲကြာမြင့်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း၊ PDF ရဲဘော် ၂ ဦး ထိခိုက်ကြောင်း DRPA က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်မှ KNDF ရဲဘော်တစ်ဦး။

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article