26 C
Yangon

ရွှေဘိုတွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား မိုင်း ၁၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကား မိုင်း ၁၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံးကြောင်း Burma Rangers (ShweBo) အဖွဲ့ထံမှ သိရသည်။

စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကားသည် အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၅ဘနာရီ ခန့်တွင် ကျောက်မြောင်း မြို့နယ်ခွဲမှ ရွှေဘိုသို့ မိုးကာ အစိမ်းအုပ်ကာ မောင်းနှင်လာပြီး ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာလမ်းခွဲထိပ် တည့်တည့်တွင် Burma Rangers (ShweBo) အဖွဲ့က မိုင်း ၁၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂၀ ခန့် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်ဟု တပ်တွင်း သတင်း ပေးချက်များအရ သိရကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည် PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်သားများ ရမ်းသမ်း ပစ်ခတ်သောကြောင့် ကြက်မှုဇုန် အနောက်ဖက် ရွှေမိဆီဆိုင်အနီးတွင် ပြည်သူ ၁ ဦးနှင့် မင်းကျောင်းကျေးရွာအနီးတွင် ပြည်သူ ၁ ဦးတို့ ကျည်ထိမှန်ခဲ့သော်လည်း ဒဏ်ရာ အခြေအနေ မစိုးရိမ်ရကြောင်း Burma Rangers (ShweBo) အဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – စစ်သားများ လိုက်ပါသော ၁၂ ဘီးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article